Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် အမျိုးသားတစ်ဦးပစ်ခတ်သတ်ဖြတ်ခံရ

ဖားကန့်မြို့နယ် လုံခင်းကျေးရွာမှ အမျိုးသားတစ်ဦးသည် ယမန်နေ့ည ၇နာရီခန့်တွင် လုံးခင်းကျောက်ဝိုင်းအနီး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

(ဖားကန့်မြို့အဝင် တစ်​နေရာ ။ ။ဓါတ်ပုံ-Zaw Moe Htet)
(ဖားကန့်မြို့အဝင် တစ်​နေရာ ။ ။ဓါတ်ပုံ-Zaw Moe Htet)

ဖားကန့်ကျောက်ဝိုင်းအနီးတွင် ယမန်နေ့(နိုဝင်ဘာလ ၂၂ရက်) ညနေက အမျိုးသားတစ်ဦး သေနတ်ဖြင့်အနီးကပ်ပစ်ခတ်အသတ်ခံရသည်။

ဖားကန့်မြို့နယ် လုံခင်းကျေးရွာမှ အမျိုးသားတစ်ဦးသည် ယမန်နေ့ည ၇နာရီခန့်တွင် လုံးခင်းကျောက်ဝိုင်းအနီး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

“ဆိုင်ကယ်နဲ့အိမ်ပြန်လာတာကိုနောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး ခေါင်းကိုတည်ပစ်သွားတာ။ နေရာမှာတင်သေဆုံးသွားတယ်” ဟုလုံးခင်းကျေးရွာဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူသည် အသက် ၂၈နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်သည်။ မည်သည့်အတွက်​ကြောင့်အသတ်ခံရသည်နှင့် မည်သူကသတ်ဖြတ်သွားသည်ကို မသိရ​သေး​ပေ။

Public Service Announcement

Public Service Announcement

ဖားကန့်တွင် လုယက်မှုများ၊လုပ်ကြံသတ်ဖြတ်မှုများမကြာခဏဖြစ်နေ​ကြောင်းဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးတွဲနေရာယူထားသည့် နန့်ယားတပ်စခန်းကို ဧပြီ ၉ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၁ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ် တို့ တပ်စွဲထားသည့် နန့်ယားတပ်စခန်းကို နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ရာ ယနေ့မနက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။