Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနယ် အုန်းတောအမြှောက်တပ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ (နိုဝင်ဘာ၂၄ရက်)နံနက် ၁၁နာရီခန့်က အုန်းတောရွာအမြှောက်စစ်တပ်(လက်နက်ကြီးတပ်ဂိတ်)အား (၄၀)မမဖြင့် အနီးကပ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း PAFD အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းနယ် အုန်းတောအမြှောက်တပ်ကို လက်နက် ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းနယ် အုန်းတောအမြှောက်တပ်ကို လက်နက် ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်ရှိ အုန်းတောကျေးရွာအမြှောက်စစ်တပ်(လက်နက်ကြီးတပ်ဂိတ်)အား (၄၀)မမဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ People’s Army To Fight Dictatorshipက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ၂၄ရက်)နံနက် ၁၁နာရီခန့်က အုန်းတောရွာအမြှောက်စစ်တပ်(လက်နက်ကြီးတပ်ဂိတ်)အား (၄၀)မမဖြင့် အနီးကပ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း PAFD အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ Phonex (SGG)၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ PAFD အဖွဲ့ထံ ဆက်သွယ် မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

အုန်းတောတပ်ဂိတ်သည် ရွှေဘို-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားလာနေသောယာဥ်များအား မကြာခဏ စစ်ဆေးလေ့ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။