Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနယ် အုန်းတောအမြှောက်တပ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ (နိုဝင်ဘာ၂၄ရက်)နံနက် ၁၁နာရီခန့်က အုန်းတောရွာအမြှောက်စစ်တပ်(လက်နက်ကြီးတပ်ဂိတ်)အား (၄၀)မမဖြင့် အနီးကပ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း PAFD အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းနယ် အုန်းတောအမြှောက်တပ်ကို လက်နက် ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းနယ် အုန်းတောအမြှောက်တပ်ကို လက်နက် ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်ရှိ အုန်းတောကျေးရွာအမြှောက်စစ်တပ်(လက်နက်ကြီးတပ်ဂိတ်)အား (၄၀)မမဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ People’s Army To Fight Dictatorshipက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ၂၄ရက်)နံနက် ၁၁နာရီခန့်က အုန်းတောရွာအမြှောက်စစ်တပ်(လက်နက်ကြီးတပ်ဂိတ်)အား (၄၀)မမဖြင့် အနီးကပ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း PAFD အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ Phonex (SGG)၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ PAFD အဖွဲ့ထံ ဆက်သွယ် မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

အုန်းတောတပ်ဂိတ်သည် ရွှေဘို-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားလာနေသောယာဥ်များအား မကြာခဏ စစ်ဆေးလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။