Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (နိုဝင်ဘာ ၂၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎သီ​ပေါနဲ့ လားရှိုးအကြား စစ်​တပ်နဲ့ SSPPတိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း​ပေါ်ရှိ သီပေါလမ်းပိုင်းအနီးမှာစ စ်​ကောင်စီတပ်နဲ့ SSPP/SSA တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပြည်ထောင်စုလမ်း သီပေါနဲ့ လားရှိုးအကြားရှိ မုန်းလမ်းရွာအနီးမှာ ဒီနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး SSPP တပ်စွဲထားတဲ့နေရာတွေကို စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရတာလို့ SSPP ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုး စိုင်းဘုန်းဟန်ကပြောပါတယ်။ အထိအခိုက်တော့ မသိရသေးဘူးလို့ ဆိုပါတယ်။ မုန်းလမ်းရွာဟာ သီပေါမြို့နဲ့ ၁၁ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ တိုက်ပွဲဟာ ပြည်ထောင်စုလမ်းမနဲ့ သုံးမိုင်ခန့်ဝေးတဲ့နေရာမှာ ဖြစ်ပွားနေကာ ခရီးသွားပြည်သူများ သတိနဲ့သွားလာကြဖို့ ဒေသခံတွေက ပြောဆိုပါတယ်။

(SSPP တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-SSPP/SSA)
(SSPP တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-SSPP/SSA)

▪︎ရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်သား နှစ်ဦး KNU တပ်မဟာ(၁)ထံ အလင်းဝင်လာ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံခရိုင် သို့ စစ်ကောင်စီတပ်သား နှစ်ဦးထပ်မံအလင်းဝင်လာရာ နှစ်လကျော်အတွင်း အလင်းဝင်လာသူ ၁၀ ဦးကျော်ရှိတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။ စစ်ကောင်စီတပ်သား နှစ်ဦးဟာ KNUတပ်မဟာ (၅)နဲ့ တပ်မဟာ(၁) နယ်မြေအစပ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းမှ လက်နက်မဲ့နဲ့ ထွက်ပြေးလာတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာမှ လက်ရှိအထိ KNU တပ်မဟာ(၁)နယ်မြေသို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ရှိပြီလို့လည် သူက ဆိုပါတယ်။ ၁၀ ဦးကျော်အနက် လက်နက်ပါလာတာ ၃၊၄ ဦးသာပါတယ်လို့ ဆက်ပြောပါတယ်။ KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်မှာ စစ်ကောင်စီတပ်များကို ခြုံခိုတိုက်ခိုက်မှုများ၊ ယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်းများ မကြာခဏ လုပ်ဆောင်နေပါတယ်။

▪︎မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ငါးဦးကို ထောင် သုံး နှစ်စီချ

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ဖမ်းဆီးခံရတဲ့ မန္တလေးသပိတ်အင်အားစုတွေရဲ့ ဆရာတော် တစ်ပါးနဲ့လူငယ် လေးဦးကို နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ ထောင် သုံးနှစ်စီချလိုက်တယ်လို့သိရပါတယ်။ ထောင်ချခံရသူတွေဟာ မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာ‌တော်တစ်ပါးဖြစ်သူ ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေး သပိတ်အင်အားစုမှ သပိတ်တတ်ကြွလှုပ်ရှားသူ ကိုပိုင်နွေဦး၊ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင် တို့ဖြစ်ပါတယ်။ သူတို့ ငါးဦးကို မနေ့က နိုဝင်ဘာလ ၂၄ ရက်မှာ ထောင် သုံး နှစ်စီချလိုက်တာလို့ သံဃသမဂ္ဂ (မန္တလေး ) ကလည်းထုတ်ပြန်ပါတယ်။ ဖမ်းဆီးတရားစွဲခံသူငါးဦးလုံးဟာ တရားရုံးမှာ ဥပဒေပါ အခွင့်အရေးအရ ခုခံချေပခွင့်မပေးဘဲ တဖက်သတ် ထောင်ဒဏ် သုံး နှစ်စီချမှတ်ခံရတယ်လို့လည်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ငါး ဦးကို ထောင် သုံး နှစ်စီချ
မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ငါး ဦးကို ထောင် သုံး နှစ်စီချ

▪︎စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် ပါဝင်တဲ့ အခမ်းအနားကို အွန်လိုင်းကနေ ဝင်ရောက်ဆန္ဒပြ

စစ်ကောင်စီက ပြုလုပ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို တော်လှန်ရေးအဖွဲ့တစ်ခုက ဒီနေ့ မနက်ပိုင်းက အွန်လိုင်းမှတဆင့် ဝင်ရောက်ဆန္ဒပြခဲ့ပါတယ်။ အဲဒီအခမ်းအနားဟာ စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် တက်ရောက်ပြီး မိန့်ခွန်းပြောတဲ့ ပွဲဖြစ်ပြီး လူကိုယ်တိုင်၊ အွန်လိုင်းက တက်ရောက်ခြင်း ပုံစံနှစ်မျိုးပေါင်းလုပ်တဲ့ Hybrid ပုံစံအခမ်းအနားဖြစ်ပါတယ်။ အဲဒီပွဲမှာ တော်လှန်ရေးရဲဘော်တွေက စစ်ကောင်စီရဲ့ Zoom အစည်းအဝေးကို ဝင်ရောက်ဆန္ဒပြခဲ့ခြင်းဖြစ်ကာ အခမ်းအနားအတွင်း “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်”စာသားနှစ်ခုပါတဲ့ Zoom နောက်ခံပုံများ ပြောင်းလဲကာ ဆန္ဒပြခဲ့တာပါ။ တော်လှန်ရေးရဲဘော်တွေအနေနဲ့ ၅မိနစ်ကြာ ဆန္ဒပြနိုင်ခဲ့တယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB)က ထုတ်ပြန်ပါတယ်။

▪︎မုံရွာနယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူတွေကို တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးမုံရွာအနောက်ဘက်သို့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို အလစ်ဝင်တိုက်ရာ နှစ်ဦးသေ​ဆုံးတယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်(Chindwin Attack Force ) တပ်ရင်း -၂ တာဝန်ခံက ပြောပါတယ်။ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့နယ်၊ ကြေးမုံရွာအနောက်ဘက်သို့ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူ ၃၅ ဦးခန့်ကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့် ဆိုပါတယ်။ စစ်ကောင်စီနဲ့ ပျူတွေဘက်က နှစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိပြီး သုံးဦးဒဏ်ရာပြင်းထန်တယ်လို့ Chindwin Attack Force တာဝန်ခံက ပြောပါတယ်။ အဲဒီနေ့ ညပိုင်းမှာလည်း ပျူစောထီးကြီးစိုးရာ တောပုရွာကို လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

▪︎BLACK WOLF – PDF တည်ထောင်ခဲ့သူတစ်ဦး ရဲ​ဘော်ကိုလှိုင်ဝင်း ခင်ဦးတိုက်ပွဲမှာကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အခြေစိုက် BLACK WOLF – PDF အဖွဲ့ စတင်တည်ထောင်သူတွေထဲပါဝင်တဲ့ ရဲဘော်ကိုလှိုင်ဝင်း ခင်ဦးမြို့နယ် တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ BLACK WOLF – PDF တာဝန်ခံက ပြောပါတယ်။ ကျဆုံးခဲ့​တဲ့ ရဲဘော်ကိုလှိုင်ဝင်းဟာ BLACK WOLF – PDF ပေါ်ပေါက်လာအောင် စတင်ကတည်းက ကူညီပံ့ပိုး တည်ထောင်ပေးခဲ့တဲ့ အဓိက Fundriser (ရန်ပုံ​ငွေရှာ​ဖွေ​ပေးသူ)တစ်ဦးဖြစ်ပါတယ်။ BLACK WOLF – PDF ဟာ ကိုလှိုင်ဝင်းရဲ့ တည်ဆောက်ပေးမှု၊ ကူညီဖေးမမှုနဲ့အတူ တော်လှန်ရေးကာလအတွင်း အင်အားကြီးမားစွာ တည်ဆောက်နိုင်ခဲ့တယ်လို့ BLACK WOLF – PDF ကထုတ်ပြန်ပါတယ်။ ကိုလှိုင်ဝင်းဟာ နိုဝင်ဘာလ ၂၃ ရက်က တိုက်ပွဲရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့ပြီး ကိုလှိုင်ဝင်းအတွက် စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ အဲဒီအဖွဲ့က အသိပေးပါတယ်။

(ကျဆုံးခဲ့​သောရဲကိုလှိုင်ဝင်း ။ ။ဓါတ်ပုံ-Black Wolf -PDF)
(ကျဆုံးခဲ့​သောရဲကိုလှိုင်ဝင်း ။ ။ဓါတ်ပုံ-Black Wolf -PDF)

▪︎’နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် သုံးဆယ်မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ရှင်းလင်း

ပဲခူးတိုင်းမှာ ‘နန်းထိုက်အောင်စစ်ဆင်ရေး’အနေနဲ့ သုံးဆယ်မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ရှင်းလင်းခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က အသိပေးပါတယ်။ ဒီနေ့ မနက်ပိုင်းက သုံးဆယ်မြို့နယ် စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်းကို သုံးဆယ်မြို့မဈေးအလယ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ထွန်းထွန်းဟာ အကြမ်းဖက်စစ်ကောင်စီနဲ့အတူ ဧည့်စာရင်းစစ်ခြင်း ၊ ဖုန်းစစ်ခြင်း တို့ကို ရပ်ကွက်နေပြည်သူများအပေါ် ဖိနှိပ်ဖမ်းဆီးမှုများလုပ်ဆောင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။