Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFများကတိုက်ခိုက်ရာ စစ်သား ၅ဦးသေ

ပုလောမြို့၊ ကဒဲကျေးရွာအနီးတွင်နိုဝင်ဘာ ၂၅ ရက်နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFများကတိုက်ခိုက်ရာ စစ်သား ၅ဦးသေ
ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFများကတိုက်ခိုက်ရာ စစ်သား ၅ဦးသေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့နှင့် ပဝတ်ကုန်းရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်​ပေါင်းစုက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ဦးခန့်သေဆုံးခဲ့ကြောင်း တနသာ်ရီတိုင်းစစ်​ဒေသခွဲမဟာမိတ်တပ်​ပေါင်းစုကသတင်းထုတ်ပြန်သည်။

ပုလောမြို့၊ ကဒဲကျေးရွာအနီးတွင်နိုဝင်ဘာ ၂၅ ရက်နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်​ရေးမဟာမိတ်တပ်​ပေါင်းစုကြား ​လေးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ နှစ်ဦးမှာလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့​ကြောင်း ကာကွယ်ရေးတပ်များက​ပြောသည်။

Public Service Announcement
Public Service Announcement

ထိုတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၁) နှင့် ဒေသခံကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အလားတူ နိုဝင်ဘာ ၂၅ ရက် ညနေ ၇နာရီခွဲခန့်က ပုလောမြို့အခြေစိုက် စစ်ကောင်စီ၏ ၂၈၅ တပ်ရင်းကို ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်များက RPG ဧ၄၀ မမတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

“ပုလောတော်လှန်ရေးသမိုင်းသစ်ကို ပထမဆုံးရေးထိုးခဲ့ခြင်းဖြစ်ပြီးပုရွက်ဆိတ်များအင်အားကြီးလျှင် မြွေကို သတ်နိုင်သည် ဟူတဲ့ စကားအတိုင်း ပုလောတော်လှန်ရေးသမိုင်းမရိုင်းစေဖို့ စစ်ရေးတိုက်ခိုက်မှုကြီးများမကြာမှီလာမည်”ဟု ပူရိယက္ခညီနောင် စစ်ကြောင်းမှူးဗိုလ်ဝေလကပြောသည်။

ပု​လောမြို့အ​ခြေစိုက် စစ်​ကောင်စီတပ်ကိုပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးမှုမရှိကြောင်း ဝမ်းနည်းဖွယ်ရာပြန်လည်ကြားသိရသည်ဟုလည်း ပူရိယက္ခစစ်ကြောင်းကအသိ​​ပေးသည်။

ထိုသို့ ညနေပိုင်းတိုက်ခိုက်မှုကို KNDOဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းနှင့်အတူ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) ၊ မိုးကြိုးအဖွဲ့၊ Ghost Rangerအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook