Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFများကတိုက်ခိုက်ရာ စစ်သား ၅ဦးသေ

ပုလောမြို့၊ ကဒဲကျေးရွာအနီးတွင်နိုဝင်ဘာ ၂၅ ရက်နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFများကတိုက်ခိုက်ရာ စစ်သား ၅ဦးသေ
ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFများကတိုက်ခိုက်ရာ စစ်သား ၅ဦးသေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့နှင့် ပဝတ်ကုန်းရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်​ပေါင်းစုက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ဦးခန့်သေဆုံးခဲ့ကြောင်း တနသာ်ရီတိုင်းစစ်​ဒေသခွဲမဟာမိတ်တပ်​ပေါင်းစုကသတင်းထုတ်ပြန်သည်။

ပုလောမြို့၊ ကဒဲကျေးရွာအနီးတွင်နိုဝင်ဘာ ၂၅ ရက်နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်​ရေးမဟာမိတ်တပ်​ပေါင်းစုကြား ​လေးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ နှစ်ဦးမှာလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့​ကြောင်း ကာကွယ်ရေးတပ်များက​ပြောသည်။

Public Service Announcement
Public Service Announcement

ထိုတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၁) နှင့် ဒေသခံကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အလားတူ နိုဝင်ဘာ ၂၅ ရက် ညနေ ၇နာရီခွဲခန့်က ပုလောမြို့အခြေစိုက် စစ်ကောင်စီ၏ ၂၈၅ တပ်ရင်းကို ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်များက RPG ဧ၄၀ မမတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

“ပုလောတော်လှန်ရေးသမိုင်းသစ်ကို ပထမဆုံးရေးထိုးခဲ့ခြင်းဖြစ်ပြီးပုရွက်ဆိတ်များအင်အားကြီးလျှင် မြွေကို သတ်နိုင်သည် ဟူတဲ့ စကားအတိုင်း ပုလောတော်လှန်ရေးသမိုင်းမရိုင်းစေဖို့ စစ်ရေးတိုက်ခိုက်မှုကြီးများမကြာမှီလာမည်”ဟု ပူရိယက္ခညီနောင် စစ်ကြောင်းမှူးဗိုလ်ဝေလကပြောသည်။

ပု​လောမြို့အ​ခြေစိုက် စစ်​ကောင်စီတပ်ကိုပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးမှုမရှိကြောင်း ဝမ်းနည်းဖွယ်ရာပြန်လည်ကြားသိရသည်ဟုလည်း ပူရိယက္ခစစ်ကြောင်းကအသိ​​ပေးသည်။

ထိုသို့ ညနေပိုင်းတိုက်ခိုက်မှုကို KNDOဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းနှင့်အတူ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) ၊ မိုးကြိုးအဖွဲ့၊ Ghost Rangerအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။