Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်သို့ ခရီးသည်တင်ယာဥ်ဖြင့်လိုက်ပါလာသည့် စစ်ကောင်စီဗိုလ်မှူးတစ်ဦးကို PDF ဖမ်းမိ

ဖမ်းမိသူမှာဗိုလ်မှူးဖြစ်​ကြောင်းမည်သို့စိစစ်သိရှိရပုံကိုPeople’sSpring က​မေးမြန်းရာ “စိစစ်ရေးကတ်ပြားမှာသူ့နာမည်ပါတယ်။စိစစ်ရေးကတ်ပြားသူ့မှာပါတယ်။”ဟု အဆိုပါစစ်ကြောင်းတာဝန်ရှိသူက​​ပြောကြားသည်။

ထားဝယ်သို့ ခရီးသည်တင်ယာဥ်ဖြင့်လိုက်ပါလာသည့် စစ်ကောင်စီဗိုလ်မှူးတစ်ဦးကို PDF ဖမ်းမိ
ထားဝယ်သို့ ခရီးသည်တင်ယာဥ်ဖြင့်လိုက်ပါလာသည့် စစ်ကောင်စီဗိုလ်မှူးတစ်ဦးကို PDF ဖမ်းမိ

ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခဲ့ရဟုဆို

မြိတ်မြို့မှ ထားဝယ်မြို့သို့ အရပ်ဝတ်ဖြင့် ခရီးသည်တင်ယာဥ်နှင့်လိုက်ပါလာသော စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တနင်္သာရီတိုင်းရှိ PDFတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

“ပုလောဘက်နေ ထားဝယ်ဘက်ကို ပြောင်းရွှေ့တာကို အရပ်သားဟန်ဆောင်ပြီးလာတဲ့ အချိန် PDFတွေက ဖမ်းမိသွားတာ”ဟု တနင်္သာရီတိုင်းရှိ PDFတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၆ ရက် ည ၇ နာရီခွဲက မြိတ်မြို့မှ ထား၀ယ်မြို့သို့ ထွက်ခွာလာသော ခရီးသည်တင်ယာဥ်ပေါ်တွင် အရပ်ဝတ်ဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးဝင်းဌေးနိုင်ဆိုသူကို သရက်ချောင်းမြို့နယ် ဘုတ်တောင်၌ ဖမ်းဆီးရမိခဲ့သည်ဟု ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက ယနေ့(နိုဝင်ဘာ ၂၈) ထုတ်ပြန် သည်။

ဖမ်းမိသူမှာဗိုလ်မှူးဖြစ်​ကြောင်းမည်သို့စိစစ်သိရှိရပုံကိုPeople’sSpring က​မေးမြန်းရာ “စိစစ်ရေးကတ်ပြားမှာသူ့နာမည်ပါတယ်။စိစစ်ရေးကတ်ပြားသူ့မှာပါတယ်။”ဟု အဆိုပါစစ်ကြောင်းတာဝန်ရှိသူက​​ပြောကြားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဗိုလ်မှူး၀င်းဌေးနိုင် (ကြည်း ၃၅၃၆၆)သည် စစ်ကောင်စီ၏ အမှတ်(၁၂)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ လမ်းကြုံလိုက်လာသည်ဟုသိရပြီး စစ်ဆေးမေးမြန်နေစဉ်အတွင်း ပြန်လည်ခုခံရန် ကြိုစားသဖြင့် ပစ်ခတ်ခဲ့ရကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။