Connect with us

Hi, what are you looking for?

သတင်း

သိမ်ဇရပ်တွင် စစ်ကောင်စီရဲစခန်းက လက်နက်ကြီးပစ်ခတ်၍ ကလေးငယ် နှစ်ဦးဒဏ်ရာရ

သိပ်ဇရပ်ရဲစခန်းမှ မကြာခဏ လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိပြီး အရပ်သားပြည်သူများအား မတရားဖမ်းဆီးမှုများလုပ်ဆောင်လျှက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

(စစ်ကောင်စီ၏ သိမ်ဇရပ်ရဲစခန်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ပေါ်ကျရောက် ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီ၏ သိမ်ဇရပ်ရဲစခန်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ပေါ်ကျရောက် ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်တွင် စစ်ကောင်စီ၏ သိမ်ဇရပ်ရဲစခန်းက လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ် နှစ်ဦးဒဏ်ရာရခဲ့သည်ဟု KNUက ယနေ့ ထုတ်ပြန်သည်။

နိုဝင်ဘာ၂၆ ရက် ညနေပိုင်းတွင် သိမ်ဇရပ်ရဲစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည်သိမ်ဇရပ်မြို့၊ အမှတ် (၃)ရပ်ကွက်ကြီး တောင်တခြမ်းရပ်ကွက်၌ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လူနေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး အိမ်ရှင် ဦးကျော်တင့်၏ သားဖြစ်သူ ၈နှစ်အရွယ် မောင်မြင့်မြတ်နှင့် တစ်ဝမ်းကွဲညီအကို တော်စပ်သူ (၈)နှစ်အရွယ်မောင်သန့်စင်တို့ လက်နက် ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး မောင်သန့်ဇင်မှာ စိုးရိမ်ရသည့် ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

သိပ်ဇရပ်ရဲစခန်းမှ မကြာခဏ လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိပြီး အရပ်သားပြည်သူများအား မတရားဖမ်းဆီးမှုများလုပ်ဆောင်လျှက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်