Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၃)နှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာတွေကို လက်နက်ကြီးဖြင့် ပစ်ခတ်၊ နေအိမ်များမီးရှို့ဖျက်ဆီး

နိုဝင်ဘာ ၂၈ရက်တွင်လည်း စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ် ပဒဲကောရွာမှ နေအိမ် ၁၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ရက်တွင် ဘောကထာကျေးရွာရှိ နေအိမ် သုံးလုံးကို ထပ်မံမီးရှို့ဖျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်မှတ်ထားပြီးလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ နေအိမ် ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဘောကထာကျေးရွာတွင် နိုဝင်ဘာ၂၇ရက် နေ့လယ်ပိုင်းက KNU တပ်များနှင့် စစ်ကောင်စီတပ် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအားပစ်မှတ်ထားပြီး ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့၍ဒေသတွင်းရှိ မဘီကြီးကျေးရွာမှ နေအိမ်သုံးလုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဆေးပေးခန်း ၁လုံး ပျက်စီးခဲ့ရသည်ဟု ဖော်ပြသည်။

နိုဝင်ဘာ ၂၈ရက်တွင်လည်း စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ် ပဒဲကောရွာမှ နေအိမ် ၁၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ရက်တွင် ဘောကထာကျေးရွာရှိ နေအိမ် သုံးလုံးကို ထပ်မံမီးရှို့ဖျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် နေရာဒေသအသီးသီးတွင် တိုက်ပွဲဖြစ်ပွားပါက အနီးဝန်းကျင်ရှိကျေးရွာများကို မီးရှို့ဖျက်ဆီးလေ့ရှိသည်။ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးပြီးနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများစီမံချက်ဖြင့် လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook