Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၃)နှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာတွေကို လက်နက်ကြီးဖြင့် ပစ်ခတ်၊ နေအိမ်များမီးရှို့ဖျက်ဆီး

နိုဝင်ဘာ ၂၈ရက်တွင်လည်း စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ် ပဒဲကောရွာမှ နေအိမ် ၁၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ရက်တွင် ဘောကထာကျေးရွာရှိ နေအိမ် သုံးလုံးကို ထပ်မံမီးရှို့ဖျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်မှတ်ထားပြီးလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ နေအိမ် ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဘောကထာကျေးရွာတွင် နိုဝင်ဘာ၂၇ရက် နေ့လယ်ပိုင်းက KNU တပ်များနှင့် စစ်ကောင်စီတပ် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအားပစ်မှတ်ထားပြီး ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့၍ဒေသတွင်းရှိ မဘီကြီးကျေးရွာမှ နေအိမ်သုံးလုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဆေးပေးခန်း ၁လုံး ပျက်စီးခဲ့ရသည်ဟု ဖော်ပြသည်။

နိုဝင်ဘာ ၂၈ရက်တွင်လည်း စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ် ပဒဲကောရွာမှ နေအိမ် ၁၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ရက်တွင် ဘောကထာကျေးရွာရှိ နေအိမ် သုံးလုံးကို ထပ်မံမီးရှို့ဖျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် နေရာဒေသအသီးသီးတွင် တိုက်ပွဲဖြစ်ပွားပါက အနီးဝန်းကျင်ရှိကျေးရွာများကို မီးရှို့ဖျက်ဆီးလေ့ရှိသည်။ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးပြီးနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများစီမံချက်ဖြင့် လုပ်ဆောင်နေသည်ကို တွေ့ရသည်။