Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ်တွင်တိုက်ပွဲများပိုပြင်းထန်လာနိုင်

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ အထိ နာ၍ ဖရူဆိုမြို့အနီးဝန်ကျင် ကျေးရွာများဖက်သို့ လက်နက်ကြီးများ ပစ်ခက်ခဲ့သော်လည်း ထိ ခိုက်မှုများမရှိခဲ့ကြောင်း အသိပေးသည်။

(KNDF တပ်ရင်း(၄) တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)
(KNDF တပ်ရင်း(၄) တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)

▪︎လောဘူးဒါးရပ်ကွက်တိုက်ပွဲတွင်စစ်​​ကောင်စီတပ် ၁ ဦး​​သေ ၊ ၂ ဦးဒဏ်ရာရဟု KNDF တပ်ရင်း ၄ ​ပြော

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင်စစ်​ကောင်စီတပ်မှစစ်​​ရေးပိုမိုလှုပ်ရှားလာသဖြင့် ​တိုက်ပွဲမျာပိုမိုပြင်းထန်လာနိုင်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှတပ်ဖွဲဝင်အချို့က​ပြောသည်။

“ဖရူဆိုဘက်မှာ စ–(စစ်​ကောင်စီတပ်သား)တွေဘက်က လှုပ်ရှားမှု ပိုစိတ်လာတယ်။ဒါကြောင့် ရှေ့လျှောက်လည်း တိုက်ပွဲက ပြင်းထန်လာဖို့ပဲရှိတယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၉ ရက်က ဖရူဆိုမြို့ ၊လောဘူးဒါးရပ်ကွက်အတွင်းသို့ KNDF နှင့်ဖရူဆို PDF တို့ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဝင်ရောက်စဥ်စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ဆုံ၍တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့သည်။တိုက်ပွဲ တွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ က ထုတ်ပြန်သည်။ စစ်သားများ​သေဆုံးဒဏ်ရာရမှု အ​​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များ နှင့် နေ့လည်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်တိုက်ပွဲများ၌ စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ အထိ နာ၍ ဖရူဆိုမြို့အနီးဝန်ကျင် ကျေးရွာများဖက်သို့ လက်နက်ကြီးများ ပစ်ခက်ခဲ့သော်လည်း ထိ ခိုက်မှုများမရှိခဲ့ကြောင်း အသိပေးသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီ မှ မြို့တွင်း ကင်းပုန်းများဝပ်၍ တွေ့သမျှရမ်းသမ်း ပစ်သည့်အခြေနေ ရှိသောကြောင့် ပြည်သူများ ဂရုပြုနေ ထိုင်ရန်လည်း KNDF ကမေတ္တာရပ်ခံသည်။

နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်တွင်လည်း ဖရူဆိုမြို့နယ်တွင်းရှိစစ်ကောင်စီတပ် ၏ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းနှင့် မာခရော့ရှေ့ခြေကုပ်စခန်းအား ကရင်နီတပ်​ပေါင်းစုကတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားလေးဦး သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF တပ်ရင်း ၁၅ ထုတ်ပြန်ထားသည်။

စစ်ရေးအခြေအနေအရ ကရင်နီ(ကယား)ပြည် နယ်၊ဖရူဆိုမြို့နယ်အတွင်းဝင်ထွက်သွားလာခြင်းယာယီပိတ်ပင်ကြောင်း ကရင်နီပြည်အစိုးရ၊ပြည် ထဲရေးဝန်ကြီးဌာနက ယခုလ ၂၇ ရက် ရက်စွဲ ဖြင့်ကြေညာထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မတ်လ ၄ ရက် ညနေ ၄ နာရီဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ်နေသော မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နေပြည်တော်-မုံရွာ ခရီးသည်တင်ယာဥ် မှန်လုံယာဥ်တစီးသည် မုံရွာဘက်သို့ ဦးတည်ကာ မောင်းနှင်လာခဲ့သည်။

သတင်း

ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုမှန်သမျှ တိုက်ဖျက်ပြီး ဂျဲန်ဒါတန်းတူရေးကို အလေးပေးသည့် ပြည်နယ်တပ်အဖြစ် အသွင်ပြောင်းနိုင်ရေး ဆက်လက်ကြိုးပမ်းမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(မတ်လ ၈ရက်)တွင် ထုတ်ပြန်သည်။

သတင်း

မိုးဗြဲမြို့ ကက်သလစ် စေတမန်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားခုနှစ်ဦး သေဆုံးပြီး လက်နက် ငါးလက်ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်KNDFက ယနေ့(မတ် ၃ ရက်​) ထုတ်ပြန်သည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ခိုအောင်းနေသည့်နေရာများအား ချေမှုန်းနေပြီး စစ်ကောင်စီက အင်အားဖြည့်တင်းပြီး လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။