Connect with us

Hi, what are you looking for?

သတင်း

တမူးတွင်တပ်ဆင်ထားသောမိုင်း ပြည်သူများထိမည်စိုး၍ပြန်ဖြုတ်စဥ် ပေါက်ကွဲမှုဖြစ်ပြီး PDF ရဲဘော်သုံးဦး ကျဆုံး

တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် မဟာမိတ်တပ်ဖွဲ့တစ်ခုမှ ရဲဘော်နှစ်ဦးသည် ယမန်နေ့(ဒီဇင်ဘာ၁ရက်) ညနေတွင် အထက်ပါအတိုင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်စဥ် ပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့ရ​​​ခြင်းဖြစ်သည်။

(ကျဆုံးခဲ့​​​​သော PDF တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)
(ကျဆုံးခဲ့​​​​သော PDF တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် တပ်ဆင်ထားသောမိုင်း ပြည်သူများထိမည်စိုးရိမ်၍ ပြန်ဖြုတ်သိမ်းစဥ်ပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်သုံးဦး ကျဆုံးခဲ့ရသည်။

တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် မဟာမိတ်တပ်ဖွဲ့တစ်ခုမှ ရဲဘော်နှစ်ဦးသည် ယမန်နေ့(ဒီဇင်ဘာ၁ရက်) ညနေတွင် အထက်ပါအတိုင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်စဥ် ပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့ရ​​​ခြင်းဖြစ်သည်။

“စ..(စစ်ကောင်စီတပ်)လမ်းကြောင်းကို ထောင်ထားတဲ့မိုင်းတွေကို ပြည်သူတွေအတွက် စိတ်ပူလို့ ပြန်ဖြုတ်ရင်းအဖြစ်ဆိုးကြုံတာ။ စိတ်ထဲ တော်တော်နာကျင်ရတယ်ဗျာ”ဟု ကျဆုံးသူရဲဘော်တစ်ဦးနှင့်အတူ တိုက်ပွဲဝင်ဖူးသော People’s Defence Force(Kalay)မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦးအနက် တစ်ဦးသည် ၁၀နာရီခန့်ကြာသည်အထိ ခွဲစိတ်ကုသခဲ့သော်လည်း ယနေ့နံနက် ၄နာရီခန့်တွင် ကျဆုံးသွားခဲ့သည်ဟု တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ ဆေးတပ်ဖွဲ့မှ ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ညီ လွပ်လပ်စွာ အနားယူလိုက်ပါတော့ကွာ။ မင်းအသက်ပေးခဲ့တာနဲ့တန်အောင် ငါတို့ အဆုံးထိတော်လှန်မယ်ပေးမယ်လို့ ကတိပေးပါတယ်ကွာ။ လွပ်လပ်စွာအနားယူလိုက်ပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဝမ်းနည်းကြောင်းကို လူမှုကွန်ရက်တွင် ရေးတင်ထားသည်။

တမူးမြို့သည် စစ်အာဏာရှင်တော်လှန်ရေးအားကောင်းပြီး စစ်ကောင်စီကို အစောဆုံး လက်နက်ကိုင်တော်လှန်ခဲ့သည့် ဒေသများတွင် ပါဝင်သည်။ ယခုအခါ စစ်ကောင်စီက မြို့ပေါ်ကိုသာထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထား သည်။ ကျဆုံးပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ စွန့်လွှတ်မှုကို အလေးထားပြီး တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ကြရန်လည်း တမူးမြို့ခံများက တိုက်တွန်းသည်။

“တော်လှန်ရေးခရီးကြမ်းက ကျန်နေသေးတယ်။ ပြည်သူတွေအနေနဲ့ အပျော်အပါးကို ခဏဘေးထားပြီး တော်လှန်ရေးကို အာရုံပိုစိုက်စေချင်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး၏ ဖခင်က ပြောသည်။

တမူးမြို့၌ လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာနေ၍ မြို့ခံများအနေဖြင့် အထူးဂရုစိုက်နေထိုင်ကြရန်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့