Connect with us

Hi, what are you looking for?

သတင်း

သေနတ်နှစ်လက်ဖြင့် CDMပြုလုပ်​သောစစ်သားကို NUG ကဘတ်​ငွေတစ်သိန်း​ကျော်ဂုဏ်ပြု

ရဲနိုင်​သွေးနည်းတူ စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် နဂါးနီစစ်ကြောင်းတပ်ခွဲ၂ထံ အမြန်ဆုံးပူးပေါင်း CDMပြုလုပ်ကြရန် တိုက်တွန်းသည်။

(​သေနတ် ၂ လက်ဖြင့်CDMပြုလုပ်​​သောစစ်သားကို နဂါးနီစစ်​ကြောင်းတပ်ခွဲ (၂) ကNUGကိုယ်စားဂုဏ်ပြု​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-နဂါနီစစ်​ကြောင်း)
(​သေနတ် ၂ လက်ဖြင့်CDMပြုလုပ်​​သောစစ်သားကို နဂါးနီစစ်​ကြောင်းတပ်ခွဲ (၂) ကNUGကိုယ်စားဂုဏ်ပြု​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-နဂါနီစစ်​ကြောင်း)

သေနတ်နှစ်လက်ဖြင့် CDM လာရောက်ပြုလုပ်သော စစ်ကောင်စီတပ်သားအား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ထိုင်းဘတ်ငွေ ၁၁၄,၀၀၀ ကို ဂုဏ်​ပြုချီးမြှင့်ကြောင်း နဂါးနီစစ်ကြောင်းတပ်ခွဲ၂ က ယနေ့(ဒီဇင်ဘာ ၃ ရက်) တွင် ထုတ်ပြန်သည်။

ဘုရားသုံးဆူမြို့၊ နဂါးတောင်စခန်း မှ သေနတ် နှစ်လက်ဖြင့် CDM လာရောက်ပြုလုပ်သော ခလရ (၂၈၄)မှ တပ်သား ရဲနိုင်သွေး အား ဂုဏ်ပြုချီးမြှင့်ငွေကို နဂါးနီစစ်ကြောင်းတပ်ခွဲ (၂ )မှ ကိုယ်စားပေးအပ်ခဲ့ကြောင်းသိရသည်။

(​သေနတ် ၂ လက်ဖြင့်CDMပြုလုပ်​​သောစစ်သားကို နဂါးနီစစ်​ကြောင်းတပ်ခွဲ (၂) ကNUGကိုယ်စားဂုဏ်ပြု​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-နဂါနီစစ်​ကြောင်း)
(​သေနတ် ၂ လက်ဖြင့်CDMပြုလုပ်​​သောစစ်သားကို နဂါးနီစစ်​ကြောင်းတပ်ခွဲ (၂) ကNUGကိုယ်စားဂုဏ်ပြု​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-နဂါနီစစ်​ကြောင်း)

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးတပ်နယ်ဗျူဟာလက်အောက်ခံ ခလရ(၂၈၄)တွင် တာဝန်ထမ်းဆောင်နေသော တပ်သား ရဲနိုင်သွေးသည်နိုဝင်ဘာ ၆ရက်နေ့က CDMပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

CDM ပြုလုပ်လာသည့် တပ်သား ရဲနိုင်သွေး သည် MA1တစ်လက် ၊MA2တစ်လက် ၊ကျည်ဘောက် ၄ခု၊ကျည် ၂၄၀တောင့်၊ လက်ပစ်ပုံး ၃လုံး၊အီနာဂါ ၄လုံး၊၄၀မမ ၁လုံး၊အီကွေ့မန့် ကျည်ကာအကျီတစ်စုံ ပါရှိကြောင်းအသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ရဲနိုင်​သွေးနည်းတူ စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် နဂါးနီစစ်ကြောင်းတပ်ခွဲ၂ထံ အမြန်ဆုံးပူးပေါင်း CDMပြုလုပ်ကြရန် တိုက်တွန်းသည်။

သေနတ်တစ်လက်ဖြင့် CDMပြုလုပ်လာသည့် စစ်သားများကိုလည်း သိန်း၅၀ကျပ်ဆုချီးမြှင့်သည့်အပြင် ဘဝရပ်တည်ရေးအတွက်လဲ စီစဉ်ဆောင်ရွက်ပေးမည်ဟု ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်