မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ထဲက ဆေးဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးကို CDM ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဟာ မနေကနေ့ခင်းပိုင်းလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
အဲဒီဆေးဆိုင်ဟာ မဟာအောင်မြေမြို့နယ် ၈၂ လမ်းနဲ့ ၄၁ လမ်းအနီးမှာရှိတာပါ။
ဆေးဆိုင်ပိုင်ရှင်ကို CDM ထောက်ပို့လုပ်တယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် ၂ ခုမှာ ဖြန့်ဝေခံရပြီးနောက် ဖမ်းခံရတာလို့ လည်းစုံစမ်းသိရပါတယ်။
မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ခင်း ၂ နာရီဝန်းကျင်မှာ ဆေးဆိုင်ပိုင်ရှင်ကို လာဖမ်းသွားတာလို့ ဆေးဆိုင်ဝန်းကျင်ကဒေသခံတစ်ဦးက ပြောပြပါတယ်။

Public Service Announcement
စစ်ကောင်စီတယ်လီဂရမ်ချန်နယ်အချို့မှာတော့ ဆေးဆိုင်ပိုင်ရှင်အမျိုးသားကို ဖမ်းမိတဲ့ပုံကို ဖော်ပြထားရာမှာ ထိုးကြိတ်ခံထားရတာကိုတွေ့ရပါတယ်။
ဒီနှစ်ထဲမှာပဲ မန္တလေးမှာသူရိယဆေးခန်းဟာ CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပေးတယ်ဆိုပြီး ပိုင်ရှင် ကိုအကြမ်းဖက်ပုဒ်မနဲ့ဖမ်းဆီးကာ ဆေးခန်းကိုလည်းချိတ်ပိတ်ခဲ့ပါတယ်။
