Connect with us

Hi, what are you looking for?

သတင်း

CDM ထောက်ပံ့လို့ဆိုပြီး မန္တလေးမှာ ဆေးခန်းပိုင်ရှင် ဖမ်းခံရ

ဆေးဆိုင်ပိုင်ရှင်ကို CDM ထောက်ပို့လုပ်တယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် ၂ ခုမှာ ဖြန့်ဝေခံရပြီးနောက် ဖမ်းခံရတာလို့ လည်းစုံစမ်းသိရပါတယ်။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ထဲက ဆေးဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးကို CDM ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဟာ မနေကနေ့ခင်းပိုင်းလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

အဲဒီဆေးဆိုင်ဟာ မဟာအောင်မြေမြို့နယ် ၈၂ လမ်းနဲ့ ၄၁ လမ်းအနီးမှာရှိတာပါ။

ဆေးဆိုင်ပိုင်ရှင်ကို CDM ထောက်ပို့လုပ်တယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် ၂ ခုမှာ ဖြန့်ဝေခံရပြီးနောက် ဖမ်းခံရတာလို့ လည်းစုံစမ်းသိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ခင်း ၂ နာရီဝန်းကျင်မှာ ဆေးဆိုင်ပိုင်ရှင်ကို လာဖမ်းသွားတာလို့ ဆေးဆိုင်ဝန်းကျင်ကဒေသခံတစ်ဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတယ်လီဂရမ်ချန်နယ်အချို့မှာတော့ ဆေးဆိုင်ပိုင်ရှင်အမျိုးသားကို ဖမ်းမိတဲ့ပုံကို ဖော်ပြထားရာမှာ ထိုးကြိတ်ခံထားရတာကိုတွေ့ရပါတယ်။

ဒီနှစ်ထဲမှာပဲ မန္တလေးမှာသူရိယဆေးခန်းဟာ CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပေးတယ်ဆိုပြီး ပိုင်ရှင် ကိုအကြမ်းဖက်ပုဒ်မနဲ့ဖမ်းဆီးကာ ဆေးခန်းကိုလည်းချိတ်ပိတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Facebook