Connect with us

Hi, what are you looking for?

သတင်း

တမူး၌အမျိုးသမီးတစ်ဦးပစ်သတ်ခံရမှု စုံစမ်းစစ်ဆေးပြီး မည်သူကျူးလွန်သည်ဖြစ်စေအရေးယူမည်ဟု NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွဲရာတွင် စစ်ဘက်ဆိုင်ရာဥပဒေများ၊ စစ်ရေးညွှန်ကြားချက်များနှင့်အညီသာ စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထပ်မံ သတိပေးခဲ့သည်။

တမူး၌အမျိုးသမီးတစ်ဦးပစ်သတ်ခံရမှု စုံစမ်းစစ်ဆေးပြီး မည်သူကျူးလွန်သည်ဖြစ်စေအရေးယူမည်ဟု NUG ထုတ်ပြန်
တမူး၌အမျိုးသမီးတစ်ဦးပစ်သတ်ခံရမှု စုံစမ်းစစ်ဆေးပြီး မည်သူကျူးလွန်သည်ဖြစ်စေအရေးယူမည်ဟု NUG ထုတ်ပြန်

▪︎ခုခံစစ်၌စစ်ဘက်ဥပဒေနှင့်အညီလုပ်ရန်၊စစ်ကောင်စီ၏ထောက်ချောက်သို့မကျရောက်စေရန်PDFများကိုသတိပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် PDF များအား သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တစ်ခု၌ ပါဝင်ပတ်သက်ခဲ့သည်ဟု ယူဆရသူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး မည်သူကျူးလွန်သည်ဖြစ်စေ အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထုတ်ပြန်သည်။

တမူး၌အမျိုးသမီးတစ်ဦးပစ်သတ်ခံရမှု စုံစမ်းစစ်ဆေးပြီး မည်သူကျူးလွန်သည်ဖြစ်စေအရေးယူမည်ဟု NUG ထုတ်ပြန်
တမူး၌အမျိုးသမီးတစ်ဦးပစ်သတ်ခံရမှု စုံစမ်းစစ်ဆေးပြီး မည်သူကျူးလွန်သည်ဖြစ်စေအရေးယူမည်ဟု NUG ထုတ်ပြန်

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံခဲ့သည်ကိုတွေ့ရပြီး ယင်း ဗွီဒီယိုတွင် ပါဝင်သော လုပ်ရပ်သည် NUG ချမှတ်ထားသည့်စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ဆန့်ကျင်သွေဖည် နေကြောင်း၊ ယင်းဖြစ်ရပ်သည် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများအရလုံး၀ လက်သင့်မခံနိုင်သည့် ကိစ္စဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ ပါဝင်ပတ်သက်ခြင်းရှိမရှိ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းများကို စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့် အညီလုပ်ဆောင်သွားရန် သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူများအား ညွှန်ကြားထားပြီး ဖြစ်ကြောင်း အသိပေးခဲ့ပြီး ကျူးလွန်ခဲ့သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဟု ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွဲရာတွင် စစ်ဘက်ဆိုင်ရာဥပဒေများ၊ စစ်ရေးညွှန်ကြားချက်များနှင့်အညီသာ စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထပ်မံ သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ၎င်းတို့ကဲ့သို့ပင် အကြမ်းဖက်မှုများ ပြုလုပ်နေသည်ဟု ပုံဖော်ရန်ကြိုးစားနေသည့် ထောင်ချောက်ထဲသို့ မကျရောက်မိစေရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အားလုံး အထူးသတိချပ် ကြစေလိုသည်ဟုလည်း NUGက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်လျက် ရှိသော စစ်ရာဇဝတ်မှုများ၊ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကို အပြီးတိုင်အဆုံးသတ်နိုင်ရေး စစ်ရေးနည်းလမ်းဖြင့် တော်လှန်တိုက်ပွဲဝင် နေကြရသော်လည်း အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များကဲ့သို့ အသိတရားမဲ့ တရားလက်လွတ်ပြုကျင့်သူများ မဖြစ်စေရေး ရဲဘော်များအနေဖြင့် ဂရုပြုကြရန်လိုအပ်သည်ဟု ထပ်မံ သတိပေးထားသည်။

မုန်းတီးမှု၊ ဖိနှိပ်မှုများမှကင်းဝေးပြီး အပြန်အလှန်မှီခိုမှု၊ ကရုဏာရှိမှု၊ အပြန်အလှန် ကူညီစောင့်ရှောက်မှု တို့ကိုအခြေခံသည့် လွတ်လပ်သော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုမျှော်ရည်လျက် ယခုဖြစ်စဉ်ကဲ့သို့သော ကိစ္စရပ်မျိုး နိုင်ငံတော်၏ မည်သည့်နေရာတွင်မှ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUGက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook