Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၊ ၎င်းနှင့်ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၁၂ဦးနှင့် ကုမ္ပဏီအဖွဲ့အစည်း သုံးခုကို ကနေဒါဒဏ်ခတ်ပိတ်ဆို့

ကနေဒါသည် ၂၀၁၇ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာအကျပ်အတည်းဖြစ်ပွားပြီးနောက် ၂ ကြိမ် ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း နောက်ထပ် ၆ ကြိမ် ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။

(စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများ ပစ်ခတ်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁ မတ်လ၅ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများ ပစ်ခတ်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁ မတ်လ၅ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မြန်မာစစ်ကောင်စီနှင့် ၎င်းနှင့်ပတ်သက်ဆက်နွှယ်သည့် လူပုဂ္ဂိုလ် ၁၂ ဦးနှင့် ကုမ္ပဏီအဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့ကြောင်း ယမန်နေ့တွင် ကြေညာသည်။

အဆိုပါ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် စစ်ကောင်စီကိုယ်စား အဓိကပါဝင်လုပ်ဆောင်နေသူများဖြစ်ပြီး နိုင်ငံ၏ ဒီမိုကရေစီ နောက်ကြောင်းပြန်မှု၊ စစ်တပ်ထံ လက်နက်များစီးဆင်းစေမှုနှင့် အရပ်သားများအပေါ်ကျူးလွန်သည့် စစ်တပ်၏ အကြမ်းဖက်မှုများအတွက် တာ၀န်ရှိသည်ဟု ကနေဒါက သတ်မှတ် အရေးယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကနေဒါ၏ ယခုတကြိမ် ဒဏ်ခတ်ပိတ်ဆို့မှုတွင် ဇော်မင်းထွန်း၊ မောင်မောင်အုန်း၊ ထွန်းထွန်းနောင်၊ ခင်မောင်ရီ၊ မျိုးမြင့်ဦး၊ သောင်းဟန်၊ ဝင်းရှိန်၊ ကိုကိုလွင်၊ အောင်စိုး၊ ဇင်မင်းထက်၊ လှိုင်မိုးမြင့်နှင့် မျိုးသစ္စာတို့ ပါဝင်သည်။ ကုမ္ပဏီအဖွဲ့အစည်း သုံးခုမှာ 61 Dynasty International Company Ltd ၊ International Gateways Group နှင့် Asia Sun Group တို့ဖြစ်သည်။

“ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ဟာ ကနေဒါရဲ့ နိုင်ငံခြားရေးမူဝါဒ ကျောရိုးတွေပါပဲ။ ရုရှား၊ အီရန်နဲ့ မြန်မာလို နေရာမျိုးတွေမှာ လူ့အခွင့်အရေး နင်းခြေစော်ကားနေတာကို ကမ္ဘာက သက်သေပြနေချိန်မှာ ကျွန်ုပ်တို့ ကိုင်ဆွဲထားတဲ့ တန်ဖိုးတွေကို ရပ်တည်ခုခံခြင်းနဲ့ အပြောင်းအလဲကို ဖန်တီးနိုင်မယ်ဆိုတာ သတိပေးလိုပါတယ်။ ဆက်လက်လုပ်ဆောင်စရာတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ကနေဒါဟာ လူ့အခွင့်အရေးအတွက် ရပ်တည်ဖို့ ဘယ်တော့မှ မရပ်တန့်ပါဘူး” ဟု ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mélanie Joly က ပြောသည်။

Public Service Announcement

Public Service Announcement

ကနေဒါသည် ၂၀၁၇ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာအကျပ်အတည်းဖြစ်ပွားပြီးနောက် ၂ ကြိမ် ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း နောက်ထပ် ၆ ကြိမ် ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။

ထို့အပြင် ကနေဒါနှင့် ၎င်း၏ နိုင်ငံတကာမိတ်ဖက်များသည် ကမ္ဘာတဝန်းရှိ အခြေခံအကျဆုံး လူ့အခွင့်အရေးများနှင့် လွတ်လပ်မှုများကို စနစ်တကျဖောက်ဖျက်ကျူးလွန်နေသူများအပေါ် တရားမျှတရေးနှင့် ဆက်လက်ဖိအားပေးနိုင်ရေး ပူးပေါင်းကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။