Connect with us

Hi, what are you looking for?

သတင်း

ကျောင်းသားကလေးငယ် ၁၁ဦး အသက်ဆုံးရှုံးစေခဲ့သည့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကို အပြင်းထန်ဆုံးရှုတ်ချကြောင်း ကနေဒါထုတ်ပြန်

ကျောင်းသူ၊ ကျောင်းသားကလေးငယ် ၁၁ဦးကို အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုအပါအဝင် အခြားတိုက်ခိုက်မှုအားလုံးကို ကနေဒါက အပြင်းထန်ဆုံးရှုတ်ချကြောင်း ယနေ့ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ – ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)
(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ – ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)

မြန်မာစစ်တပ်ကို တာ၀န်ခံခိုင်းရန် ဆက်လက်ကူညီကြိုးပမ်းမည်ဟုဆို

“မကြာသေးမီက အနည်းဆုံး ကျောင်းသူ၊ ကျောင်းသား ကလေးငယ် ၁၁ ဦးကို အသက်ဆုံးရှုံးစေခဲ့ပြီး အခြား ဒဏ်ရာရရှိမှုနှင့် အသက်ဆုံးရှုံးမှုများကို ဖြစ်ပွားစေခဲ့သော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ ကျောင်းတစ်ကျောင်းကို မြန်မာစစ်တပ်၏ တိုက်ခိုက်မှုအပါအဝင် အခြားသော တိုက်ခိုက်မှုများအားလုံးကို ကနေဒါနိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

နိုင်ငံတကာ ဥပဒေများချိုးဖောက်ခြင်းအတွက် မြန်မာစစ်တပ်ကို တာဝန်ခံခိုင်းရန် လုပ်ဆောင်မည့် လုပ်ငန်းများ၊ ပညာသင်ယူခွင့်၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် တစ်ကိုယ်ရည် လုံခြုံမှု ရရှိရေးတို့အပါအဝင် မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် လူငယ်များ၏ လူ့အခွင့်အရေးကို ကာကွယ်သည့် လုပ်ငန်းများကို ကနေဒါနိုင်ငံက ဆက်လက်ကူညီထောက်ပံ့သွားမည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။