Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်၍ အဘွားအိုတစ်ဦး ကျည်ထိမှန်သေဆုံး

စစ်ကောင်စီတပ်သည် ယမန်နေ့(နိုဝင်ဘာ ၂၁ရက်) နေ့လယ်မှ ညနေအထိ ကလေးမြို့ပတ်ဝန်းကျင်သို့ လက်နက်ကြီး (၁၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်။

(ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ် ရာရခဲ့သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(နိုဝင်ဘာ ၂၁ရက်) နေ့လယ်မှ ညနေအထိ ကလေးမြို့ပတ်ဝန်းကျင်သို့ လက်နက်ကြီး (၁၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ကလေးမြို့နယ် ဆည်ကြီးရွာနှင့် ဒွန်းဝိုင်းချောင်းကျေးရွာရှိ လူနေအိမ်နှစ်လုံးပေါ် ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။

” တိုက်ပွဲမဖြစ်ဘဲ ပစ်နေတာ။အသက် ၆၃နှစ်အရွယ် အဒေါ်ကြီးတစ်ယောက် အိပ်ယာထဲမှာလှဲနေချိန် လက်နက်ကြီးထိတာ။ ဗိုက်ပွင့်ပြီးသေဆုံးသွားတယ်။ နောက်တစ်ယောက်က ဒဏ်ရာတွေရတယ်။ စိတ်ထဲ လုံးဝမကောင်းဘူး “ဟု People’s Defence Force (Kalay) မှပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကလေးမြို့နယ်အတွင်း အင်အားတိုးမြှင့်ထားပြီး ယခင်ကထက် လက်နက် ကြီးအသုံးပြုမှု ပိုမိုပြုလုပ်လာသည်ဟု ပြည်သူ့ကာ ကွယ်ရေးရဲဘော်များက ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ကလေး-တမူး လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန်လည်း People’s Defence Force (Kalay) က သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။