Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၃၀ဦးခန့် ထိခိုက်ဒဏ်ရာရဟု KNDF ပြော

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၃ ရက်ကစ၍ ဒီးမော့ဆိုမြိုနယ် စံပြ (၆)မိုင်နှင့် ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာ၍ ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့ခဲ့သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့ခဲ့သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ဦးခန့်အထိရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဒီဇင်ဘာ ၁၆ ရက်) ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၃ ရက်ကစ၍ ဒီးမော့ဆိုမြိုနယ် စံပြ (၆)မိုင်နှင့် ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာ၍ ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါထိတွေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှု ၃၀ဦးခန့်ရှိခဲ့၍ ဘက်သလိန်ကျေးရွာနှင့် ဝမ့်လထွားကျေးရွာတို့အတွင်း မီးရှို့ဖျက်စီးမှုများလုပ်ဆောင်ခဲ့ကြောင်းဖော်ပြသည်။

(အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့ခဲ့သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့ခဲ့သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF)

ထို့အပြင် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် ဒေါစဲကျေးရွာအတွင်း လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၄ ရက်တွင်လည်း ဘက်သလိန်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တဖက်သတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNDF က အသိပေးသည်။

Public Service Announcement
Public Service Announcement

“နေ့စဥ်လိုလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။အခု တိုက်ပွဲ ဖြစ်နေတဲ့ လွိုင်ကော်-ဒီးမော့ဆို အစပ် က နေရာတင် မကဘူး။အဓိကတော့ အကြမ်းဖက်စစ်တပ်က နယ်မြေစိုးမိုးဖို့ လုပ်လာတယ်။စစ်ကြောင်းထိုးနေတယ်ပေါ့။ဒါကို ကျွန်တော်တို့အနေနဲ့လည်း ခုခံတိုက်ခိုက်နေတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဘက်သလိန်နှင့် ဝမ့်လထွားကျေးရွာများတွင် ခြေကုပ်ယူတပ်ဆွဲလျက်ရှိသဖြင့် KNDFတပ်ရင်း (၉) နှင့် မကြာခဏ ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

(အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့ခဲ့သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့ခဲ့သည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF)

သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်မှုနှင့်ပတ်သက်ပြီး People’s Springက သီခြားအတည်မပြုနိုင်သေးပေ။

နိုဝင်ဘာ ၂၈ရက်ကစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFမှဦးဆောင် ၍ ကရင်နီတပ်မတော်(KA) ၊အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO PDF၊ Loikaw PDF တို့နှင့်အတူ စစ်ကောင်စီတပ်များ တပ်စွဲထားသော ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများတွင် နယ်မြေစိုးမိုးရေး ပူးပေါင်းစစ်ဆင်ရေး တစ်ရပ်ဆင်နွဲခဲ့သည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မြေပြင် ၊ ဝေဟင်ပစ်ကူများဖြင့် ဆုံးရှုံးခဲ့သည့် နယ်မြေ များကို ပြန်လည်ရယူရန် ယခုလ ၃ရက်ကစ၍ ထိုးစစ်ဆင်နေသည်။

ဒီဇင်ဘာ ၃ရက်ကလည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံးပြီး လေးဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများကို KNDFက သိမ်းဆည်းရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။