Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် KIA/PDFနှင့် စစ်ကောင်စီတပ် ၃ရက် ဆက်တိုက်ပွဲဖြစ်

ဒီဇင်ဘာ ၁၆ရက်တွင် ညောင်ကုန်းရွာအနီးလည်းကောင်း၊ ဒီဇင်ဘာ ၁၇ရက် ယမန်နေ့တွင် ဂျုံးဂျုံးကျ ရွာအနီး၌လည်းကောင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယနေ့တွင် ပိန်းအင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

KIA/PDF ပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
KIA/PDF ပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR

▪️ယမန်နေ့တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက် မှုများဟု PDF ပြော

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ် ရေးတပ်(PDF) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အင်းတော် PDF ရဲဘော်က ပြောသည်။

ဒီဇင်ဘာ ၁၄ရက်တွင် အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အင်းတော်မြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ရန် ကြိုးပမ်းလာ၍ ဒေသတွင်းရှိ KIA/PDF ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၁၆ရက်မှစ၍ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁၆ရက်တွင် ညောင်ကုန်းရွာအနီးလည်းကောင်း၊ ဒီဇင်ဘာ ၁၇ရက် ယမန်နေ့တွင် ဂျုံးဂျုံးကျ ရွာအနီး၌လည်းကောင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယနေ့တွင် ပိန်းအင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အင်းတော်အခြေအနေက ဒီနေ့ကတော့ မနက်ပိုင်းလေးပဲ ပွဲဖြစ်တာ။ မနက်ပိုင်းက ပိန်းအင်းရွာနားမှာဖြစ်တာ။ ပိန်းအင်းရွာက ထွက်ခဲ့တဲ့ စစ်ကြောင်းနဲ့ KIA/PDF ပူးပေါင်းအဖွဲ့နဲ့ ဖြစ်တာ”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ပွဲထိခိုက်မှု အခြေအနေကို မသိရသေးသော်လည်း ယမန်နေ့ ဂျုံးဂျုံးကျ ရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟုဆိုသည်။

“မနေ့ကတော့ တစ်နေ့လုံးဖြစ်တာပေါ့။ မနေ့က တိုက်ပွဲက ခ…စစ်ကောင်စီတပ်ဖွဲ့)သေတာ တော်တော်များတယ်။ အရေအတွက်တော့ တွက်လို့မရဘူး။ သူတို့ စစ်ကြောင်းက အရင် ၇၀ ကျော်ရှိတာမှာ သူတို့ ၃၀ လောက်ပဲကျန်တော့တာ ၄၀ လောက်အထိအခိုက်ရှိတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ဘက်က ကြည့်တာလည်း ခွေးတွေ အလောင်းတွေ ထမ်းတာ၊ ဒဏ်ရာရတဲ့ဟာတွေ ထမ်းသယ်နေတာလည်း အကုန်မြင်နေရတယ်”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

ယမန်နေ့တိုက်ပွဲ၌ KIA/PDF ပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယခု အင်းတော်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် ထီးချိုင့်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ယခု အင်းတော်မြို့နယ်တွင်လည်း ကျေးရွာသုံးရွာခန့်ကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။