Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်၌ စစ်ကောင်စီတပ်၏ စစ်ကူစစ်ကြောင်းက စက်တောကုန်းရွာ မီးရှို့နေ

စစ်ကောင်စီတပ်သည် အင်းတော်နယ်ကို ဒီဇင်ဘာ ၁၆ရက်မှစ၍ ကျေးရွာများကို စစ်ကြောင်းထိုးပြီး လိုက်လံမီးရှို့နေရာ ဒေသခံ PDFနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က ပူးပေါင်းခုခံခဲ့၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

အင်းတော်နယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၆ရက်က စတင်မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR
အင်းတော်နယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၆ရက်က စတင်မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR

▪️ငါးရက်အတွင်း ကျေးရွာ ၅ရွာကို စစ်ကောင်စီတပ်မီးရှို့ခဲ့

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စက်တောကုန်းရွာကို စစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ ၂၀ရက်) နံနက်တွင် မီးရှို့နေကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်က ပြောသည်။

“လက်ရှိအခြေအနေက တစ်ရွာလုံးနီးပါးလောက် တောင် လောင်သွားပြီလို့ပြောနေတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် အင်းတော်နယ်ကို ဒီဇင်ဘာ ၁၆ရက်မှစ၍ ကျေးရွာများကို စစ်ကြောင်းထိုးပြီး လိုက်လံမီးရှို့နေရာ ဒေသခံ PDFနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က ပူးပေါင်းခုခံခဲ့၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

Public Service Announcement
Public Service Announcement

အင်းတော်မြို့နယ်ရှိ ဂျုံးဂျုံးကျရွာသစ်၊ ဂျုံးဂျုံးကျရွာမ၊ ပိန်းအင်းရွာ၊ မအူကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ ပြည်သူလူထုနေအိမ်များ ပျက်စီးခဲ့သည်။ ညောင်ကုန်းရွာ၊ ဂျုံးဂျုံးကျရွာ နှင့် ပိန်းအင်းရွာများအနီး၌ ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၁၇ရက် ဂျုံးဂျုံးကျရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“အရင်တိုက်ပွဲဖြစ်တဲ့ စစ်ကြောင်းတော့ မဟုတ် ဘူး။ သူတို့ကို စစ်ကူလာတဲ့ စစ်ကြောင်းပေါ့။အင်အား ၁၀၀ ကျော်လောက်တော့ ပါတယ်”ဟု အင်းတော် PDFက စက်တောကုန်းရွာ မီးရှို့နေသည့် စစ်ကြောင်း၏ အခြေအနေကို ပြောပြသည်။

လက်ရှိ အခြေအနေများအရ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းလည်း ၎င်းက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။