Connect with us

Hi, what are you looking for?

သတင်း

အင်းတော်၌ စစ်ကောင်စီတပ်၏ စစ်ကူစစ်ကြောင်းက စက်တောကုန်းရွာ မီးရှို့နေ

စစ်ကောင်စီတပ်သည် အင်းတော်နယ်ကို ဒီဇင်ဘာ ၁၆ရက်မှစ၍ ကျေးရွာများကို စစ်ကြောင်းထိုးပြီး လိုက်လံမီးရှို့နေရာ ဒေသခံ PDFနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က ပူးပေါင်းခုခံခဲ့၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

အင်းတော်နယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၆ရက်က စတင်မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR
အင်းတော်နယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၆ရက်က စတင်မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR

▪️ငါးရက်အတွင်း ကျေးရွာ ၅ရွာကို စစ်ကောင်စီတပ်မီးရှို့ခဲ့

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စက်တောကုန်းရွာကို စစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ ၂၀ရက်) နံနက်တွင် မီးရှို့နေကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်က ပြောသည်။

“လက်ရှိအခြေအနေက တစ်ရွာလုံးနီးပါးလောက် တောင် လောင်သွားပြီလို့ပြောနေတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် အင်းတော်နယ်ကို ဒီဇင်ဘာ ၁၆ရက်မှစ၍ ကျေးရွာများကို စစ်ကြောင်းထိုးပြီး လိုက်လံမီးရှို့နေရာ ဒေသခံ PDFနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က ပူးပေါင်းခုခံခဲ့၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

Public Service Announcement
Public Service Announcement

အင်းတော်မြို့နယ်ရှိ ဂျုံးဂျုံးကျရွာသစ်၊ ဂျုံးဂျုံးကျရွာမ၊ ပိန်းအင်းရွာ၊ မအူကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ ပြည်သူလူထုနေအိမ်များ ပျက်စီးခဲ့သည်။ ညောင်ကုန်းရွာ၊ ဂျုံးဂျုံးကျရွာ နှင့် ပိန်းအင်းရွာများအနီး၌ ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၁၇ရက် ဂျုံးဂျုံးကျရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“အရင်တိုက်ပွဲဖြစ်တဲ့ စစ်ကြောင်းတော့ မဟုတ် ဘူး။ သူတို့ကို စစ်ကူလာတဲ့ စစ်ကြောင်းပေါ့။အင်အား ၁၀၀ ကျော်လောက်တော့ ပါတယ်”ဟု အင်းတော် PDFက စက်တောကုန်းရွာ မီးရှို့နေသည့် စစ်ကြောင်း၏ အခြေအနေကို ပြောပြသည်။

လက်ရှိ အခြေအနေများအရ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းလည်း ၎င်းက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော