Connect with us

Hi, what are you looking for?

သတင်း

ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကန်နိုင်ငံခြားရေးဝန်ကြီး ချီးကျူးကြိုဆို

ယင်းဆုံးဖြတ်ချက်သည် အကြပ်အတည်းကို ဖြေရှင်းရန်နှင့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အရပ်သားပြည်သူများကို ဖိနှိပ်ချုပ်ခြယ်မှုနှင့် အကြမ်းဖက်မှုများတိုးမြှင့်ဆောင်ရွက်လာခြင်းကို အဆုံးသတ်ရန် လုံခြုံရေးကောင်စီ၏ အရေးပါသောခြေလှမ်းတစ်ခုဖြစ်ကြောင်း အမေရိကန်က ဆိုသည်။

ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကန်နိုင်ငံခြားရေးဝန်ကြီး ချီးကျူးကြိုဆို
ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကန်နိုင်ငံခြားရေးဝန်ကြီး ချီးကျူးကြိုဆို

▪️လုံခြုံရေးကောင်စီက ဆက်လက်ဆောင်ရွက်နိုင်သည့်အရာများစွာ ကျန်ရှိ​နေသေးဟု ထောက်ပြ

မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ချီးကျူးကြိုဆိုလိုက်သည်။

ယခုဆုံးဖြတ်ချက်ကို ချီးကျူးသော်လည်း မြန်မာနိုင်ငံတွင်းမှ အကျပ်အတည်းအတွက် တရားမျှတသည့်ဖြေရှင်းမှုတစ်ခုပေါ်ပေါက်လာစေရန် လုံခြုံရေးကောင်စီက ဆက်လက်ဆောင်ရွက်နိုင်သည့်အရာများစွာ ကျန်ရှိ​နေသေးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်သည်။

လုံခြုံရေးကောင်စီသည် ယခုအခွင့်အရေးကိုအသုံးချပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေရန် အခြားနည်းလမ်းသစ်များရှာဖွေရေး၊ အာဏာရှင်အဖွဲ့အစည်း၏ လုပ်ရပ်များအတွက် တာဝန်ခံမှု တာဝန်ယူမှု ပိုမိုရှိလာစေရေး နှင့် ဘုံသဘောတူညီချက်(၅)ရပ်ကို ထိထိရောက်ရောက်အကောင်အထည်ဖော်ရန် အားထုတ်လျက်ရှိသည့် အာဆီယံအဖွဲ့အစည်းကို အားပေးထောက်ခံရေးတို့ကို ဆောင်ရွက်သင့်ကြောင်း အမေရိကန်က အကြံပြုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများအဆုံးသတ်ရန်နှင့် အကြပ်အတည်းမှ ငြိမ်းချမ်းစွာ ပြန်လည်သင့်မြတ်ရေးကို ရှာဖွေရန် အာဆီယံအပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆောင်ရွက်သွားရန် အမေရိကန်က ဆက်လက် သန္နိဋ္ဌာန်ချထားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တွင် လုံခြုံရေးကောင်စီက မြန်မာ့အရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ချမှတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်သည် အကြပ်အတည်းကို ဖြေရှင်းရန်နှင့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အရပ်သားပြည်သူများကို ဖိနှိပ်ချုပ်ခြယ်မှုနှင့် အကြမ်းဖက်မှုများတိုးမြှင့်ဆောင်ရွက်လာခြင်းကို အဆုံးသတ်ရန် လုံခြုံရေးကောင်စီ၏ အရေးပါသောခြေလှမ်းတစ်ခုဖြစ်ကြောင်း အမေရိကန်က ဆိုသည်။

ဆုံးဖြတ်ချက်မှာ နိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်မှုများအဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသားများကို ပြန်လွှတ်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အကန့်အသတ်အထိန်းအချုပ်မရှိ ခွင့်ပြုရန်၊ လူနည်းစုအသိုက်အဝန်းများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြန်မာပြည်သူများ၏ ဆန္ဒနှင့် ဒီမိုကရေစီလိုလားတောင့်တမှုကို လေးစားရန် စစ်အာဏာရှင်အဖွဲ့အစည်းကို နိုင်ငံတကာအသိုက်အဝန်းက အလေးအနက်ပေးပို့သည့် သတင်းစကားဖြစ်သည်ဟု ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြား​ရေးဝန်ကြီးများ ​ဆွေး​နွေးပွဲမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းနဲ့ အရှေ့အလယ်ပိုင်း ဒေသရဲ့ စစ်ရေး တင်းမာမှု အခြေအနေတွေဟာ အဓိက ဆွေးနွေးမှု ခေါင်းစဉ်တွေ ဖြစ်လာနိုင်ကြောင်း Thai PBS သတင်းဌာနက​ဖော်ပြပါတယ်။