Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်

အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ဦးဆောင်လာပြီး အခြားစစ်ကောင်စီဝန်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း ထိုင်းအစိုးရသတင်းရင်းမြစ်တစ်ဦးက Reuters သို့ ပြောသည်။

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်
ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်

မြန်မာ့အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက ယနေ့(ဒီဇင်ဘာ ၂၂ ရက်) လက်ခံပြုလုပ်သည့် ဒေသတွင်းဆွေးနွေးပွဲသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ပြီး အဓိက အာဆီယံ အဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခြင်းမရှိကြောင်း Reuters က ရေးသားသည်။

အာဆီယံထိပ်သီးညီလာခံနှင့် နိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခွင့်မရသည့် အကြမ်းဖက်စစ်ကောင်စီသည် အာဆီယံမဟုတ်သော(Non-ASEAN) အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၌ ကျင်းပစေကာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းဆွေးနွေးပွဲသို့ အာဆီယံ၏ အဓိက အဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖီလစ်ပိုင် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိကြောင်း Reuters ၏ဖော်ပြချက်အရ သိရသည်။

ဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စိတ်ပါဝင်စားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ တက်ရောက်နိုင်ကြောင်း ဖိတ်ကြားပြုလုပ်ခြင်းဖြစ်ပြီး ယနေ့ အစည်းအဝေးပြုလုပ်သည့် နေရာ ကို အများပြည်သူသိရှိရန် ထုတ်ပြန်ခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ဦးဆောင်လာပြီး အခြားစစ်ကောင်စီဝန်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း ထိုင်းအစိုးရသတင်းရင်းမြစ်တစ်ဦးက Reuters သို့ ပြောသည်။

ဆွေးနွေးပွဲ၌ မည်သည့်အကြောင်းအရာများဆွေးနွေးသည်ကို မသိရပေ။ ဆွေးနွေးပွဲသို့ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ သို့သော် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးသည် ဗီယက်နမ်သမ္မတ၏ ဂျာကာတာခရီးစဥ်တွင် လိုက်ပါနေ၍ အစည်းအဝေး မတက်ရောက်နိုင်ပေ။

You May Also Like

သတင်း

မနေ့ တနင်္လာနေ့ က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့အစည်းအဝေးမှာ တွန်အင်ဒရူးက ပြောလိုက်တာပါ။

သတင်း

အာဆီယံသည် မြန်မာ့အရေးကို အတူတကွဖြေရှင်းရန် ပျက်ကွက်ပါက ပြင်ပအင်အားကြီးနိုင်ငံများ ကြားဝင်နိုင်မည့် အန္တရာယ်ရှိနေကြောင်း မလေးရှားလွှတ်တော်သို့ အထက်ပါဝန်ကြီးက ဖြေကြားရှင်းလင်းခဲ့ခြင်းဖြစ်သည်။

သတင်း

မြန်မာ ပါဝင်တဲ့ အာဆီယံ အဖွဲ့အစည်းမှာ လောလောဆယ် အင်ဒိုနီးရှားက အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားပါတယ်။

သတင်း

တအာင်းအမျိုးသားနိုင်ငံ ရေးရည်မှန်းချက်အမြန်ပြည့်ဝအောင်မြင်ရန် တအာင်းပြည်သူတရပ်လုံးအား စည်းရုံးလုပ်ဆောင်သွားမည်ဟုလည်းTPCCကအသိပေးကြေညာခဲ့သည်။