Connect with us

Hi, what are you looking for?

သတင်း

ကျောက်မြောင်း ဈေးပွဲတော်တွင် ပေါက်ကွဲမှူဖြစ်ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရ

” ဒီနေ့လူတော်တော်များတယ်။ ပေါက်တဲ့အသံကလည်းတော်တော်ကျယ်တယ်။”ဟု ယင်းနေရာတွင်နေထိုင်သူတစ်ဦးက ပြောသည်။

(ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

▪︎​ စစ်​ကောင်စီလက်ချက်ဟု ပြည်သူများ​ပြော

ရန်ကုန်မြို့ ကျောက်မြောင်းမြို့နယ်တွင်ပြုလုပ်သည် ဈေးပွဲတော်တွင် ပေါက်ကွဲမှူဖြစ်ခဲ့ပြီး လူနှစ်ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်း ယင်းနေရာအနီးနေထိုင်သူတစ်ဦးက ပြောသည်။

” ဒီနေ့လူတော်တော်များတယ်။ ပေါက်တဲ့အသံကလည်းတော်တော်ကျယ်တယ်။”ဟု ယင်းနေရာတွင်နေထိုင်သူတစ်ဦးက ပြောသည်။

ထို့ပြင် အမျိုးသမီးတစ်ဦးကလည်း ယင်းနေရာအခြေအနေကို ဓာတ်ပုံများတင်ထားရာ သွေးကွက်အချို့နှင့် လူနာတင်ကားတစ်စီးလာရောက်သည်ကို တွေ့ရသည်။

“အမျိုးသမီးက လက်ပြတ်သွားပြီး ကလေးက ဗုံးစမှန်တာ၊Ambulance နှစ်စီးနဲ့ လာခေါ်သွားတာ ။ ထိခိုက်ဒဏ်ရာ အခြေအနေကတော့ မသိရသေးဘူး သေတာမျိုးတော့ မရှိဘူးဗျ”ဟု မင်္ဂလာတောင်ညွှန့် သတင်းဖေ့စ်ဘွတ်ခ်က အတည်ပြုပေးသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းတွင် ရန်ကုန်မြို့၌ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ရောက်ရှိနေသောကြောင့် လုံခြုံရေးများတင်းကြပ်လျက်ရှိသည်။

ယခုရက်ပိုင်းအတွင်း လူစည်ကားရာနေရာအချို့တွင် ပေါက်ကွဲမှူများဖြစ်ပွားနေပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပန်းဆိုးတန်း – ဒလ ပြေးဆွဲနေသည့် ချယ်ရီ သင်္ဘောပေါ် ပေါက်ကွဲမှူဖြစ်ခဲ့ရာ ပြည်သူ ၁၇ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ကျောက်မြောင်းအပါအဝင် ရန်ကုန်မြို့၏ နေရာတော်တော်များများတွင် စစ်​ကောင်စီကဈေးပွဲတော်များကို ဒီဇင်ဘာ ၁၉ ရက်မှ ၂၈ရက်အထိ ပြုလုပ်နေခြင်းဖြစ်သည်။

ယခုဗုံး​ပေါက်ကွဲမှုမှာ စစ်​ကောင်စီ၏ လုပ်ရပ်ပင်ဖြစ်​ကြောင်းပြည်သူအများစုက​ပြော​နေကြသည်။ PDF များ၊ မြို့ပြ ​ပြောက်ကျားတပ်ဖွဲ့ဝင်များကို အကြမ်းဖက်အဖွဲ့ဟု ပုံဖျက်ရန် စစ်​ကောင်စီက ​ထောင်​ချောင်ဆင်​နေခြင်းဖြစ်ပြီး၊​ရှေ့တွင်ပိုလုပ်လာနိုင်၍ ပြည်သူများလူစုလူ​ဝေး​နေရာများသို့ မသွားကြရန် ပြည်သူအချင်းချင်းသတိ​ပေး​နေကြသည်။

“ဒီလိုတွေ ဖြစ်လာမယ်ဆိုတာသိထားသင့်ကြတယ်။စစ်တပ်က ဘာမဆိုလုပ်မှာပါ။ ရှေးက ဖြစ်ခဲ့တာတွေလဲ ရှိပြီးသား။ ပုဇွန်တောင် ကုန်သွယ်ရေးစင်တာ ဗုံးပေါက်တာ။ Junction 8 Dragon center မှာ ရှိတဲ့ city mart တွေမှာ ဗုံးပေါက်တာ။ ဒီလို ဖြစ်ရပ်တွေ ရှိခဲ့ရဲ့နဲ့ ခင်ဗျားတို့့ စောက််မှတ်သည်းခြေမရှိတော့ ခု ခံရပြီ။မစာနာလို့တော့ မဟုတ်ဘူး ဂရုဏာဒေါသ‌နဲ့ ပြောတာ။ ဒီလို ပွဲဈေး မပြောနဲ့ ခုချိန်မှာ shopping center တွေကိုတောင် သွားကို မသွားသင့်တော့တာ”ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

“စလုံးရေ၊စပါပြီနော်၊စကစရဲ့ထောင်ချောက် ။သတိအတန်တန်ကြိုပေးနေပါလျက်သိပ်ပြီးအပျော်အပါးမက်တဲ့လူအချို့တွေကြောင့်ခက်နေတာလေ၊ကိုယ့်အသိတွေထဲလည်းရှိနေတာမို့ဖြစ်လာရင်လူမှုရေးဆိုတာလုံးဝပါပဲ”ဟု ပြည်သူတစ်ဦးကလည်း​ပြောသည်။

ပြည်သူတစ်ဦးကလည်းစစ်​ကောင်စီကဒလသ​ဘော်ကဲသို့ပင် အကွက်ဆင် ဗုံးခွဲမှုပင်ဖြစ်​ကြောင်း ယခုကဲသို့မှတ်ချက်ပြုသည်။ “နေ့ခင်းက သတင်းတွေ့တော့။ဟိုလဒတွေက စျေးပွဲတော်အတင်းလုပ်ခိုင်းနေတယ်ဆိုကတည်းကရင်တမမတော့ဖြစ်နေသား။ခုတော့ထင်တဲ့အတိုင်း ဇာတ်လမ်းပမာတွေလာပါပြီ။ ဒလ ဇာတ်ကားရိုက်ထားတာတောင်မကြာသေး။ဖင်တွန့်နဲ့ အန်တီရီ့အကွက်တွေ” ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook