Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ် နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း ဒေါင်းကာရံက ပြောသည်။

မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင်တွေ့ရသည့် စစ်ကောင်စီယာဥ်တစ်စီး၊ ဓာတ်ပုံ-Cj
မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင်တွေ့ရသည့် စစ်ကောင်စီယာဥ်တစ်စီး၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းချရန် မုံရွာမြို့မှထွက်လာသော စစ်ကောင်စီတပ်၏ ယာဉ်နှစ်စီးအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ People’s Defence Force – South Monywa၏ တာဝန်ခံ ဒေါင်းကာရံက ပြောကြားသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက် ၇ နာရီ ၄၀မိနစ်ခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်မုံရွာမြို့မှ ကင်းပုန်းချရန်ထွက်လာသော စစ်ယာဉ်နှစ်စီးအား မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa၏တာဝန်ခံ ဒေါင်းကာရံက ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတ​ပ်ဖွဲဝင် သုံးဦးသေဆုံးပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း ဒေါင်းကာရံက ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်တွင် စစ်အု​ပ်စု၏ အထိအခိုက်အခြေအနေများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများအား မကြာခဏတိုက်ခိုက်နေပြီး စစ်အုပ်စုယာဥ်တန်းနှင့်အတူ ပြည်သူများလိုက်ပါလာခြင်းမပြုကြရန် Pdfအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။