Connect with us

Hi, what are you looking for?

သတင်း

PSLF/TNLA တရားရေးဌာနက ယခုနှစ်အတွင်း စီရင်ခဲ့သည့် အမှုပေါင်း ၁၃၇မှုတွင် မူးယစ်ဆေးအမှု ၁၀၀ကျော်ပါဝင်

ယခုနှစ်တွင် တအာင်းပြည်နယ်အတွင်းရှိ ပြည်သူများ တိုင်ကြားလာသည့် အမှုပေါင်း (၁၆၁)မှုအနက် (၁၃၇)မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။

PSLF/TNLA တရားရေးဌာနက ယခုနှစ်အတွင်း စီရင်ခဲ့သည့် အမှုပေါင်း ၁၃၇မှုတွင် မူးယစ်ဆေးအမှု ၁၀၀ကျော်ပါဝင်
PSLF/TNLA တရားရေးဌာနက ယခုနှစ်အတွင်း စီရင်ခဲ့သည့် အမှုပေါင်း ၁၃၇မှုတွင် မူးယစ်ဆေးအမှု ၁၀၀ကျော်ပါဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက်ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်နယ်မြေတွင် တရားစီရင်ရေးဌာနမှ ၂၀၂၂အတွင်း အမှုပေါင်း ၁၃၇မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။

ယခုနှစ်တွင် တအာင်းပြည်နယ်အတွင်းရှိ ပြည်သူများ တိုင်ကြားလာသည့် အမှုပေါင်း (၁၆၁)မှုအနက် (၁၃၇)မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ယင်းအမှုများမှာ လူသတ်မှုနှင့် အပြင်းအထန်နာကျင်စေမှု (၅)မှု၊ မုဒိမ်းမှုနှင့် ကာမလိမ်လည်မှု (၂၀)မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူး (၁၀၁)မှု၊ ခိုးဆိုးလုယက်မှု (၆)မှု၊ တရားမမှု (၃)မှု၊ ငွေကြေးလိမ်လည်မှု (၂)မှုတို့ဖြစ်ပြီး ကျူးလွန်သူ (၁၃၇)ဦးအား ပြစ်ဒဏ်ပေး အရေးယူခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် လက်ရှိတွင် အမှု(၁၀)မှုကို ဝရမ်းထုတ် ထားပြီး ကျန်အမှုများမှာ တရားရင်ဆိုင်နေရဆဲဖြစ် သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကျူးလွန်သူများ ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်ခွင့်ရနေသည့် ဓလေ့ကို ဖျောက်ဖျက်ရန် နှင့် ကျူးလွန်ခံရသူများအား ဆင်းရဲ၊ ချမ်းသာ၊ ဘာသာမရွေး အာဏာရှိ/မဲ့၊ ကျား၊ မ မခွဲခြားဘဲ တရားမျှတမှု ဆောင်ရွက်ပေးလျက်ရှိကြောင်း TNLAက ထုတ်ပြန်သည်။

တရားစီရင်ရေးဌာနသည် ဗဟိုတရားရုံးအပြင်ခရိုင်တရားရုံး (၅)ရုံး ဖွင့်လှစ်ထားပြီး ရုံးတိုင်းတွင် တရားသူကြီးတစ်ဦးစီ ထားရှိကြောင်း၊ ၂၀၂၁ တွင်အမှုပေါင်း(၉၀)ရှိသည့်အနက် (၇၈) မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား