Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

PSLF/TNLA တရားရေးဌာနက ယခုနှစ်အတွင်း စီရင်ခဲ့သည့် အမှုပေါင်း ၁၃၇မှုတွင် မူးယစ်ဆေးအမှု ၁၀၀ကျော်ပါဝင်

ယခုနှစ်တွင် တအာင်းပြည်နယ်အတွင်းရှိ ပြည်သူများ တိုင်ကြားလာသည့် အမှုပေါင်း (၁၆၁)မှုအနက် (၁၃၇)မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။

PSLF/TNLA တရားရေးဌာနက ယခုနှစ်အတွင်း စီရင်ခဲ့သည့် အမှုပေါင်း ၁၃၇မှုတွင် မူးယစ်ဆေးအမှု ၁၀၀ကျော်ပါဝင်
PSLF/TNLA တရားရေးဌာနက ယခုနှစ်အတွင်း စီရင်ခဲ့သည့် အမှုပေါင်း ၁၃၇မှုတွင် မူးယစ်ဆေးအမှု ၁၀၀ကျော်ပါဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက်ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်နယ်မြေတွင် တရားစီရင်ရေးဌာနမှ ၂၀၂၂အတွင်း အမှုပေါင်း ၁၃၇မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။

ယခုနှစ်တွင် တအာင်းပြည်နယ်အတွင်းရှိ ပြည်သူများ တိုင်ကြားလာသည့် အမှုပေါင်း (၁၆၁)မှုအနက် (၁၃၇)မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ယင်းအမှုများမှာ လူသတ်မှုနှင့် အပြင်းအထန်နာကျင်စေမှု (၅)မှု၊ မုဒိမ်းမှုနှင့် ကာမလိမ်လည်မှု (၂၀)မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူး (၁၀၁)မှု၊ ခိုးဆိုးလုယက်မှု (၆)မှု၊ တရားမမှု (၃)မှု၊ ငွေကြေးလိမ်လည်မှု (၂)မှုတို့ဖြစ်ပြီး ကျူးလွန်သူ (၁၃၇)ဦးအား ပြစ်ဒဏ်ပေး အရေးယူခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် လက်ရှိတွင် အမှု(၁၀)မှုကို ဝရမ်းထုတ် ထားပြီး ကျန်အမှုများမှာ တရားရင်ဆိုင်နေရဆဲဖြစ် သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကျူးလွန်သူများ ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်ခွင့်ရနေသည့် ဓလေ့ကို ဖျောက်ဖျက်ရန် နှင့် ကျူးလွန်ခံရသူများအား ဆင်းရဲ၊ ချမ်းသာ၊ ဘာသာမရွေး အာဏာရှိ/မဲ့၊ ကျား၊ မ မခွဲခြားဘဲ တရားမျှတမှု ဆောင်ရွက်ပေးလျက်ရှိကြောင်း TNLAက ထုတ်ပြန်သည်။

တရားစီရင်ရေးဌာနသည် ဗဟိုတရားရုံးအပြင်ခရိုင်တရားရုံး (၅)ရုံး ဖွင့်လှစ်ထားပြီး ရုံးတိုင်းတွင် တရားသူကြီးတစ်ဦးစီ ထားရှိကြောင်း၊ ၂၀၂၁ တွင်အမှုပေါင်း(၉၀)ရှိသည့်အနက် (၇၈) မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

TNLA ၏ အဆိုပါ ထုတ်ပြန်ချက်အပေါ် ဒေသဆိုင်ရာ စစ်ကောင်စီအုပ်စုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စိုးရိမ်မှုများရှိနေကြောင်း မိုးကုတ်မြို့ခံတဦးကပြောသည်။