Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်အုပ်စုက တစ်ရက်တည်း ရွာသုံးရွာ မီးရှို့ဖျက်ဆီးပြီး ဒေသခံနှစ်ဦးကို ပစ်သတ်

ညနေ ၄ နာရီခန့်တွင် ထန်းတောကုန်းရွာ၊ ည ၇ နာရီခန့်တွင် ဂူကြီးကုန်းရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြကြောင်း၊ ပျက်စီးအိမ်ခြေအတိအကျမသိရသေးကြောင်း နယ်ခံများက ပြောသည်။

ဒီဇင်ဘာ၂၁ ရက်က မိုးသောက်(ဘောက်သောက်) ကျေးရွာအုပ်စု၊ လင်းယဉ် ၅ ရွာသို့ စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ - CJ
ဒီဇင်ဘာ၂၁ ရက်က မိုးသောက်(ဘောက်သောက်) ကျေးရွာအုပ်စု၊ လင်းယဉ် ၅ ရွာသို့ စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ဒေသခံ ရွာသားနှစ်ဦးကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ် ဆားတောင်မြို့၊ သိမ်ချောင်းကျေးရွာဘုရားငါးဆူ၌ တပ်စွဲစခန်းချထားသည့် စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ညနေ ၄ နာရီခန့်တွင် ထန်းတောကုန်းရွာ၊ ည ၇ နာရီခန့်တွင် ဂူကြီးကုန်းရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြကြောင်း၊ ပျက်စီးအိမ်ခြေအတိအကျမသိရသေးကြောင်း နယ်ခံများက ပြောသည်။

ထို့အပြင် ဖမ်းဆီးခံရသူများလည်းရှိနေပြီး ဂူကြီးကုန်း ရွာသားနှစ်ဦးလည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်းစစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကားလမ်းဘေးအိမ်တွေကို စာရင်းနဲ့ရှို့သွားတာဖြစ်ပါတယ်။ ကားတာယာတွေနဲ့ မလောင်မချင်း မီးရှို့ခဲ့ကြတာပါ။ ကားလမ်းနဲ့ဝေးပြီးမီးရှို့မခံရတဲ့အိမ်တွေကတော့ အိမ်ထောင်ပရိဘောဂ၊ ဗီရို၊ ကြောင်အိမ်၊ ရေခဲသေတ္တာ ၊ တီဗွီ အားလုံးရိုက်ခွဲဖျက်ဆီးတာခံရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

ထို့နောက် ည ၈နာရီခွဲခန့်တွင် စစ်ကောင်စီ စစ်ကြောင်းသည် ဆားတောင်မြို့၏ အရှေ့ဘက်ရှိ ၎င်းတို့တပ်စွဲရာ ညောင်ငုပ်တိုရွာကို ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ၂၁ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ မိုးသောက်(ဘောက်သောက်) ကျေးရွာအုပ်စု၊ လင်းယဉ် ၅ ရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ကာ မိုးသောက်ရွာမှ နေအိမ်၂၅၀ ၊ လင်းယဥ်ရွာမှ နေအိမ်၁၅၀၊ လင်းယဉ်ရွာသစ်မှ နေအိမ် ၁၃၀ ၊ ရှမ်းကုန်းရွာမှ နေအိမ် ၁၄၈ ၊ ကုန်းကြီးရွာမှ နေအိမ် ၅၁ လုံး စုစုပေါင်း လူနေအိမ် ၇၂၉လုံးကို တပ်မ (၃၃) စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံ ပြည်သူ သုံးဦးကို သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။