Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တွင် တိုက်ပွဲဆက်ပြင်းထန်နေ

ယနေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်တွင် ကော့ကရိတ်တောင်ပိုင်းဘက်က ကျေးရွာများအပေါ်သို့ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ လတ်တလောတွင် မသိရသေးပါဘူး။

ကော့ကရိတ်တွင် တိုက်ပွဲဆက်ပြင်းထန်နေ
ကော့ကရိတ်တွင် တိုက်ပွဲဆက်ပြင်းထန်နေ

ကော့ကရိတ်တွင် ယနေ့မနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်ခဲ့ကာ ကော့နွဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတောင်တို့အကြား (၁)ပတ်ကျော်ကြာ ကြာမြင့်လာခဲ့သည့် ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်အင်အားတိုးချဲ့ထားပြီး ထိုးစစ်ဆင်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် ယနေ့ ဒီဇင်ဘာလ(၂၇)ရက်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်။

ယနေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်တွင် ကော့ကရိတ်တောင်ပိုင်းဘက်က ကျေးရွာများအပေါ်သို့ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ လတ်တလောတွင် မသိရသေးပါဘူး။

Public Service Announcement
Public Service Announcement

တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KNLA ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကျားဖြူတပ်ခွဲ(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းကြည့်ရာ တိုက်ပွဲသည် လက်ရှိ နေ့လည်(၁၂)နာရီ မိနစ်(၄၅)မိနစ်အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

တောင်ပိုင်းကျားဖြူတပ်ခွဲ-၂ ၏ ထုတ်ပြန်ချက်အရ ယနေ့ ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ခြေလျင်အင်အားအလုံးအရင်းနှင့် စစ်ကြောင်းတိုးလာခဲ့သလို ဝေဟင်မှလည်း လေယာဉ်ပစ်ကူများလည်း အသုံးပြုတိုက်ခိုက်ခဲ့ပြီး ကော့ကရိတ်တောင်ပိုင်း ကျေးရွာတစ်ရွာဖြစ်သည့် ကော့နွဲ့ရွာကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူများကို ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

” ပြည်သူတစ်ဦး ထိခိုက်၍ လူနေအိမ်များလည်း လက်နက်ကြီးထိမှန်ခဲ့သည်။ တိုက်ပွဲအခြေအနေကြောင့် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည် ” ဟု တောင်ပိုင်းကျားဖြူတပ်ခွဲ(၂)မှ ယနေ့တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ထုတ်ပြန်ထားရှိသည်။

ကော့ကရိတ်ဒေသခံတစ်ဦးကလည်း ” ထိပြန်ပြီတို့ရွာသား၊ ရွာထဲဝင်ပြီး ရွာသားကိုပစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ကော့ကရိတ်တိုက်ပွဲတွင် နေ့စဉ်ဆိုသလို လက်နက်ကြီးနှင့်​လေယာဉ်ပစ်ကူများကို အဆမတန်အသုံးပြုတိုက်ခိုက်နေပြီး မြေပြင်တွင်လည်း စစ်ကြောင်းထိုဝင်ရောက်လှုပ်ရှားနေသည့်အတွက် ထိတွေ့တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ပူးပေါင်းအဖွဲ့မှ ပြောဆိုထားသည်။

လက်ရှိဖြစ်ပွားနေသော ကော့ကရိတ်တိုက်ပွဲကြောင့် ကျေးရွာပေါင်း အနည်းဆုံး(၆)ရွာမှာ ဒေသခံပြည်သူ(၂၀၀၀)ဝန်းကျင်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည် စသော ပစ္စည်းများ အရေးပေါ်လိုအပ်နေပြီး တိုက်ပွဲပိုမိုပြင်းထန်လာသောကြောင့် စစ်ဘေးရှောင်ဦးရေများ ပိုမိုတိုးများလာနိုင်သည်ဟု စစ်ရှောင်အရေးကူညီနေသူများမှ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။