Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၂၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း

မန္တလေးမြို့က လူသိများတဲ့ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို စစ်ကောင်စီက ဖိအားပေးပြီး ဒီဇင်ဘာလကုန်ပိုင်းမှာ ယာယီပိတ်ခိုင်းထားတယ်လို့ စုံစမ်းသိရပါတယ်။ ယာယီပိတ်ခိုင်းတဲ့ ဆေးရုံတွေဟာ နန်းတော်၊ မြို့တော်၊ ကံ့ကော်၊ ထက်နေလင်းနဲ့ စိန်ပန်း ပုဂ္ဂလိက ဆေးရုံတွေဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက် မှာ ပိတ်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားတာပါ။

အဲဒီဆေးရုံတွေကိုမေးမြန်းစုံစမ်းချက်အရလည်း ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင်အထိ လူနာလက်ခံပေမယ့်အဲဒီနောက်ပိုင်းတော့ လူနာလက်မခံတော့ဘူးလို့ ဖြေကြားပါတယ်။ ဆေးရုံတက်ဖို့ သွားရောက်စုံစမ်းတဲ့ လူနာရှင်တစ်ဦးရဲ့ပြောပြချက်အရ လူနာအသစ် ပြန်လည်လက်ခံမယ့်ရက်ကို ဆေးရုံဘက်က အတိအကျ ပြောပြနိုင်တာမရှိသေးဘူးလို့သိရပါတယ်။

မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း
မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ဖိအားပေးပြီး စစ်ကောင်စီ ယာယီပိတ်ခိုင်း

▪️စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာသွားပို့တဲ့ PDFများကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာများသွားရောက်ပေးပို့တာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ပြည်သူလူထုဆီ စားနပ်ရိက္ခာမရောက်ရေး ဟန့်တားနေပါတယ်။ ဒီဇင်ဘာ ၂၅ ရက်က မြောင်မြို့နယ် ညောင်ကားယားကျေးရွာရှိ စစ်ဘေးသင့်ပြည်သူများထံ ပြည်သူ့ကာကွယ်ရေးရဲဘော်များက စားနပ်ရိက္ခာများ သွားပို့ဆောင်စဥ် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တာလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးနှင့်အဖွဲ့ CDSOM တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။ အဲဒီလိုပစ်ခတ်မှု​ကြောင့် စစ်ဘေးရှောင်များရော ပြည်သူ့ကာကွယ်ရေးရဲဘော်များပါ လူစုခွဲလိုက်ကြရတယ်လို့ ဆိုပါတယ်။ နောက်ထပ်နာရီအနည်းငယ်ကြာမှ စစ်ဘေးရှောင်များဆီ ခရီးဆက်နိုင်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

(မြောင်နယ်ရှိ စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်)
(မြောင်နယ်ရှိ စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်)

▪️သတင်းသမား​ထောက်များအ​ပေါ် စစ်ကောင်စီ ပိုမိုဖိနှိပ်လာ

အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာလအတွင်း သတင်း​ထောက်တစ်ဦးကိုထပ်မံကိုဖမ်းဆီးခဲ့ပြီး သတင်း​ထောက် ၇ ဦးကို ထပ်တိုးထောင်ဒဏ်ချမှတ်ကာ သတင်းသမားများအ​ပေါ်ဖိနှိပ်မှုထပ်တိုးလုပ်​ဆောင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်က ရှမ်းပြည်နယ် တောင်ကြီးအခြေစိုက် ကမ္ဘောဇတိုင်းမ် သတင်းဌာန အယ်ဒီတာချုပ် ကိုကျော်ဇေယျကို ပဲခူးတိုင်း ကြို့ပင်ကောက်နယ်ရှိ ရွာတစ်ရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်မျာလည်း လွတ်ရက်စေ့ခါနီးပြီဖြစ်တဲ့ ကမာရွတ် မီဒီယာပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို နောက်ထပ် ထောင်ဒဏ် ၅ နှစ် မတရားသဖြင့်ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလအတွင်းမှာပဲ သတင်းထောက် ကိုကောင်းဆက်လင်း၊ မမှူးရတနာခက်မို့မို့ထွန်း ၊ ကိုဝေလင်းယု၊ မထက်ထက်အောင်၊ ကိုစိုးရာဇာထွန်းနဲ့ ဦးစည်သူအောင်မြင့်တို့ကို မတရားအမှုဆင်ထားတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ်များချမှတ်တာ၊ ထပ်တိုး ချမှတ်တာတွေ စစ်ကောင်စီက လုပ်ဆောင်ခဲ့ပါတယ်။ ပြင်သစ်အ​ခြေစိုက် နယ်စည်းမခြားသတင်း​ထောက်များအဖွဲ့ရဲ့ ထုတ်ပြန်ထား​သောအချက်အလက်များအရ ဒီဇင်ဘာ ၁၄ ရက်အထိ မြန်မာသတင်း​ထောက် ၆၂ ဦး( ၂ ဦးထပ်တိုးလာပြီးဒီဇင်ဘာလကုန်ပိုင်းမှာ ၆၄ ဦးဖြစ်လာ)ဖမ်းဆီး​ထောင်ချခံထားရပြီး ကမ္ဘာ့​ပေါ်မှာ တရုတ်ပြီးလျှင် သတင်း​ထောက်တွေကို ဒုတိယအများဆုံး​ ထောင်ချထားတဲ့ နိုင်ငံဖြစ်ပါတယ်။

▪️ညအချိန်လေကြောင်းကနေ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်လို့ ကိုးကန့်တပ်ဖွဲ့ဝင် တစ်ဦးကျဆုံး၊ ငါးဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသရှိ ကိုးကန့်တပ်မတော်(MNDAA) တပ်စခန်းရှိရာကို စစ်ကောင်စီက ညအချိန်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ MNDAA ရဲဘော် တစ်ဦးကျဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ MNDAAက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၂၆ ရက် မနက် ၁နာရီ ၁၀မိနစ်ခန့် အာဏာသိမ်းစစ်ကောင်စီတပ်က Su-30 တိုက်လေယာဉ်နဲ့ အထူးဒေသ(၁) မုံးကိုးခရိုင် လိုင်ရင်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) ခံတပ်ကို ဗုံး ၁၀ လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)
(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – The Kokang)

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အခုလို လာရောက်ပစ်ခတ်ခြင်းဟာ MNDAAကို ဦးတည်ပြီး လက်စားချေ တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ လတ်တလော အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ဦးစွာဖော်ဆောင်တဲ့ တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများပြီး ထိနာသွားခဲ့တာကြောင့် အခုလို တိုက်ခိုက်လာတာလို့ ဖော်ပြပါတယ်။

(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)
(အာဏာသိမ်းစစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် MNDAA၏ မုံးကိုးဒေသရှိခံတပ်ကို Su-30တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – The Kokang)

▪️ရွာစဥ်ပတ်မီးရှို့ပြန်လာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို တကောင်း PDF တိုက်ခိုက်

ထီးချိုင့်မြို့နယ်အတွင်း ရွာစဥ်ပတ်မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံတပ်မ (၈၈)ယာဥ်တန်းကို သပိတ်ကျင်းမြို့နယ်သို့ အဖြတ်မှာ မိုင်းငါးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်း PDFက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ထီးချိုင့်မြို့နယ်ရှိ ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး ဖောကာ (၆)စီး၊ တွဲကားတစ်စီးနဲ့ ပြန်လာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို သပိတ်ကျင်းမြို့နယ် တောင်တလုံးရွာနဲ့ အင်ပျံရွာကြားမှာ ပဒေသာမိုင်း သုံးလုံး၊ ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ရှင်းပြပါတယ်။ အဲဒီလို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီယာဉ်တန်းမှ နှစ်စီးမြောက် ဖောကားတစ်စီး မိုင်းထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရနိုင်ကာ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။

(တကောင်း PDF မှ တော်လှန်ရေးရဲဘော်အချို့အား တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(တကောင်း PDF မှ တော်လှန်ရေးရဲဘော်အချို့အား တွေ့ရစဥ်၊ဓာတ်ပုံ – ပေးပို့)

▪️သပိတ်ကျင်းနဲ့ ကန့်ဘလူနယ်စပ်မှာ ငါးရက်ဆက်တိုက်ပွဲဖြစ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့များ ငါးရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများပြားတယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အစပ်ရှိ ခရမ်းစပ်ကုန်း ၊ဇင်းချောင်းစတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ် အင်အား ၁၆၀ ကျော်နဲ့ ပျုစောထီးများပူးပေါင်းကာ စစ်ကြောင်းထိုးခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း စတာတွေကို ဒီဇင်ဘာ ၂၃ ရက်ကတည်းက ဒီနေ့အထိ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုလုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူတွေကို လက်နက်ကြီး (၆၀)မမ အလုံး (၃၀)ကျော်၊ လက်နက်ငယ်တွေနဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့တာလို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူတွေကို မော်တော်နဲ့ ကြာညှပ်ဘက်သို့သယ်ယူသွားပြီး ကားပေါ်မှာလည်း ဒဏ်ရာရစစ်သားတွေကို မျက်မြင်တွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

(TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား‌တွေ့ရစဥ်)
(TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား‌တွေ့ရစဥ်)

▪️ဧရာဝတီမြစ်ဘေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးအနီးရှိ ဧရာဝတီမြစ်ဘေးကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ ဒရုန်းများနဲ့ အကြောင်းမဲ့ပစ်ခတ်နေပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ တပ်မ(၃၃)ဟာ မနေ့ မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးစခန်းမှတဆင့် အင်အား ၄၀ ခန့်နဲ့ ကိုင်းပြင်နဲ့ မြင်းဆည်ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်နေခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းဝင်လာလို့ ဧရာဝတီမြစ်ဘေးကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း တပ်မ(၃၃) စစ်ကြောင်းဟာ မြင်းဆည်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

▪️ငါန်းဇွန်မှာ ပျူစခန်းကို ဒေသတွင်းPDFများ တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်မှာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူများထိခိုက်သေဆုံးမှုရှိတယ်လို့ YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)က ထုတ်ပြန်ပါတယ်။ မနေ့ မနက်အစောပိုင်းက ငါးဇွန်မြို့နယ်၊ ဆုံကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ ပျူတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး ပျူသုံးဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း PDF များဘက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ အသိပေးပါတယ်။

ဆက်စပ်သတင်းများ