Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လသာမြို့နယ် ထွေအုပ်ရုံးရှေ့ရှိ စစ်ကောင်စီတပ် ကင်းတဲကို လက်ပစ်ဗုံးပစ် တိုက်ခိုက်

စစ်ကောင်စီများရှိသည့်နေရာဖြစ်သောကြောင့် စစ်ဆင်ရေးလုပ်ဆောင်ပြီးချိန်တွင် ပြန်လည်ထွက်ခွာခဲ့ရသောကြောင့် အထိအခိုက်အတိအကျကိုမသိရသေးကြောင်း ၎င်းက ဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် လသာထွေအုပ်အနီးရှိ စစ်ကောင်စီတပ်သားများကို ၂၀၂၁ ဖေဖော်ဝါရီလက တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
စစ်တပ် အာဏာသိမ်းပြီးနောက် လသာထွေအုပ်အနီးရှိ စစ်ကောင်စီတပ်သားများကို ၂၀၂၁ ဖေဖော်ဝါရီလက တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

ရန်ကုန်မြို့ လသာမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှူးရုံးရှေ့ရှိ စစ်ကောင်စီတပ် ကင်းတဲကို လက်ပစ်ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

“ထွေအုပ်မှာလဲ စစ်သားတွေရှိတယ်။ လမ်းမျက် နာချင်းဆိုင် မျက်စောင်းထိုးမှာက လသာရဲစခန်းကြီးလေဗျာ အဲ့ရှေ့မှာလဲ ဘန်ကာနဲ့။မနက်ကတည်းကစောင့်တာ ညနေမှ ချလို့ရတယ်။ ခွေးနားရွက်တံတွေးစွတ်တာ”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ၂၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် အဆိုပါစစ်ဆင်ရေးကို မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA) ၊ Revolution of 21 Century တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း FLA အဖွဲ့ တာဝန်ရှိသူကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီများရှိသည့်နေရာဖြစ်သောကြောင့် စစ်ဆင်ရေးလုပ်ဆောင်ပြီးချိန်တွင် ပြန်လည်ထွက်ခွာခဲ့ရသောကြောင့် အထိအခိုက်အတိအကျကိုမသိရသေးကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးဖော်ဆောင်နိုင်ရန် ကူညီပေးခဲ့သည့် Milk Tea Alliance Yangon နှင့် ၎င်းတို့အဖွဲ့များကို ထောက်ပံ့ပေးသူများကိုလည်းကျေးဇူးတင်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“ပျော်ကြပါ ပျော်နိင်ပါတယ် ။အပျော်လွန်ပြီး လူစုလူဝေးအရမ်းများတဲ့ စကစရဲ့လူသတ်ကွင်းထဲတော့မ၀င်သွားကြစေချင်ဘူး ။အခုလိုNUG ဘက်ကအားကောင်းလာတဲ့အခြေအနေတွေပေါ်မှာ စကစအနေနဲ့ NUG ကိုအကြမ်းဖက်အဖွဲ့အစည်းအနေနဲ့နိင်ငံတကာကပိုမြင်လာဖို့ သူတို့အကုန်လုပ်မှာပဲ ဒါကြောင့်ပြည်သူတွေအနေနဲ့ စားသတိ သွားသတိလေးပိုပြီးထားပေးစေချင်ပါတယ်”ဟု ၎င်းက သတိပေးစကား ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။