ရန်ကုန်မြို့ လသာမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှူးရုံးရှေ့ရှိ စစ်ကောင်စီတပ် ကင်းတဲကို လက်ပစ်ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force အဖွဲ့မှ တာဝန်ရှိသူကပြောသည်။
“ထွေအုပ်မှာလဲ စစ်သားတွေရှိတယ်။ လမ်းမျက် နာချင်းဆိုင် မျက်စောင်းထိုးမှာက လသာရဲစခန်းကြီးလေဗျာ အဲ့ရှေ့မှာလဲ ဘန်ကာနဲ့။မနက်ကတည်းကစောင့်တာ ညနေမှ ချလို့ရတယ်။ ခွေးနားရွက်တံတွေးစွတ်တာ”ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ၂၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် အဆိုပါစစ်ဆင်ရေးကို မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA) ၊ Revolution of 21 Century တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း FLA အဖွဲ့ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီများရှိသည့်နေရာဖြစ်သောကြောင့် စစ်ဆင်ရေးလုပ်ဆောင်ပြီးချိန်တွင် ပြန်လည်ထွက်ခွာခဲ့ရသောကြောင့် အထိအခိုက်အတိအကျကိုမသိရသေးကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
ယင်းစစ်ဆင်ရေးဖော်ဆောင်နိုင်ရန် ကူညီပေးခဲ့သည့် Milk Tea Alliance Yangon နှင့် ၎င်းတို့အဖွဲ့များကို ထောက်ပံ့ပေးသူများကိုလည်းကျေးဇူးတင်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
“ပျော်ကြပါ ပျော်နိင်ပါတယ် ။အပျော်လွန်ပြီး လူစုလူဝေးအရမ်းများတဲ့ စကစရဲ့လူသတ်ကွင်းထဲတော့မ၀င်သွားကြစေချင်ဘူး ။အခုလိုNUG ဘက်ကအားကောင်းလာတဲ့အခြေအနေတွေပေါ်မှာ စကစအနေနဲ့ NUG ကိုအကြမ်းဖက်အဖွဲ့အစည်းအနေနဲ့နိင်ငံတကာကပိုမြင်လာဖို့ သူတို့အကုန်လုပ်မှာပဲ ဒါကြောင့်ပြည်သူတွေအနေနဲ့ စားသတိ သွားသတိလေးပိုပြီးထားပေးစေချင်ပါတယ်”ဟု ၎င်းက သတိပေးစကား ဆိုသည်။


















































