Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့လယ်ကို စစ်ကောင်စီတပ်ကပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်

“မြို့ထဲမှာနေ့လည် ၁၂ နာရီကျော်ထဲကတည်းက ပိတ်စစ်နေတာပါ။ လသာဘက်ကိုဆို ကြိုးဝါတွေရော သံဆူးကြိုးတွေနဲ့ပါ တစ်လမ်းကို ပိတ်ချလိုက်ပြီ။ တစ်လမ်းပဲ မောင်းခိုင်းပြီး ကားတိုင်းကို စစ်နေတယ်။ မသင်္ကာရင်ဖုန်းတွေပါ ယူစစ်နေတာ တွေ့ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ - Crazy Wheels & CJ

ရန်ကုန်မြို့လယ်ရှိ လမ်းမများကို ယနေ့ (နိုဝင်ဘာ ၃၀ ရက်) မွန်းလွဲပိုင်းက စတင်၍ အကြမ်းဖက်စစ်ကောင်စီအဖွဲ့များက အင်အားအများအပြားဖြင့် ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေကြောင်း လမ်းမတော်မြို့နယ်နေ ပြည်သူများက ပြောသည်။

လသာမြို့နယ် ဆေးရုံကြီးအနီး လမ်းမများကို မျဥ်းဝါများ၊ သံဆူးကြိုးများတားဆီး ပိတ်ဆို့ထားပြီး ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ကမ်းနားလမ်းနှင့် ပြည်လမ်း City Mall အနီးတို့တွင်လည်း စစ်ကောင် စီ အများအပြားဖြင့် ကားများကို တစ်လမ်းမောင်းသွားခိုင်း၍ စစ်ဆေးနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“မြို့ထဲမှာနေ့လည် ၁၂ နာရီကျော်ထဲကတည်းက ပိတ်စစ်နေတာပါ။ လသာဘက်ကိုဆို ကြိုးဝါတွေရော သံဆူးကြိုးတွေနဲ့ပါ တစ်လမ်းကို ပိတ်ချလိုက်ပြီ။ တစ်လမ်းပဲ မောင်းခိုင်းပြီး ကားတိုင်းကို စစ်နေတယ်။ မသင်္ကာရင်ဖုန်းတွေပါ ယူစစ်နေတာ တွေ့ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့လယ်ရှိ လမ်းများကို စစ်ကောင်စီက ၂နာရီနီးပါး ပိတ်ဆို့ထားသော်လည်း မည်သည့်အတွက်ကြောင့် ပိတ်ဆို့စစ်ဆေးနေသည်ကို မသိရကြောင်း ပြည်သူတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“ပထမမြို့ထဲမှာ ဆန္ဒပြသွားလို့ ကလေးတွေကို ပိတ်စစ်တယ် ထင်နေတာပါ။ အခုက မဟုတ်လောက်ဘူး။ ၂ နာရီလောက်ရှိပြီ လမ်းတွေကို အကုန်ပိတ်စစ်နေတာပါ။ ကားတွေလည်း တော်တော်ပိတ်နေတယ် ” ဟု ၎င်းက ပြောသည်။

ယနေ့ နံနက်ပိုင်းကလည်း ရန်ကုန်မြို့လယ် ဖရေဇာလမ်းပေါ် ၌ “Antifascist – Action ” စာတမ်းပါ ဘန်နာကိုင်ဆောင်၍ အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်ရေး အတွက် အထွေထွေသပိတ် ကော်မတီ GSC နှင့် မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း ဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook