Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့လယ်ကို စစ်ကောင်စီတပ်ကပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်

“မြို့ထဲမှာနေ့လည် ၁၂ နာရီကျော်ထဲကတည်းက ပိတ်စစ်နေတာပါ။ လသာဘက်ကိုဆို ကြိုးဝါတွေရော သံဆူးကြိုးတွေနဲ့ပါ တစ်လမ်းကို ပိတ်ချလိုက်ပြီ။ တစ်လမ်းပဲ မောင်းခိုင်းပြီး ကားတိုင်းကို စစ်နေတယ်။ မသင်္ကာရင်ဖုန်းတွေပါ ယူစစ်နေတာ တွေ့ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ - Crazy Wheels & CJ

ရန်ကုန်မြို့လယ်ရှိ လမ်းမများကို ယနေ့ (နိုဝင်ဘာ ၃၀ ရက်) မွန်းလွဲပိုင်းက စတင်၍ အကြမ်းဖက်စစ်ကောင်စီအဖွဲ့များက အင်အားအများအပြားဖြင့် ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေကြောင်း လမ်းမတော်မြို့နယ်နေ ပြည်သူများက ပြောသည်။

လသာမြို့နယ် ဆေးရုံကြီးအနီး လမ်းမများကို မျဥ်းဝါများ၊ သံဆူးကြိုးများတားဆီး ပိတ်ဆို့ထားပြီး ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ကမ်းနားလမ်းနှင့် ပြည်လမ်း City Mall အနီးတို့တွင်လည်း စစ်ကောင် စီ အများအပြားဖြင့် ကားများကို တစ်လမ်းမောင်းသွားခိုင်း၍ စစ်ဆေးနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“မြို့ထဲမှာနေ့လည် ၁၂ နာရီကျော်ထဲကတည်းက ပိတ်စစ်နေတာပါ။ လသာဘက်ကိုဆို ကြိုးဝါတွေရော သံဆူးကြိုးတွေနဲ့ပါ တစ်လမ်းကို ပိတ်ချလိုက်ပြီ။ တစ်လမ်းပဲ မောင်းခိုင်းပြီး ကားတိုင်းကို စစ်နေတယ်။ မသင်္ကာရင်ဖုန်းတွေပါ ယူစစ်နေတာ တွေ့ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့လယ်ရှိ လမ်းများကို စစ်ကောင်စီက ၂နာရီနီးပါး ပိတ်ဆို့ထားသော်လည်း မည်သည့်အတွက်ကြောင့် ပိတ်ဆို့စစ်ဆေးနေသည်ကို မသိရကြောင်း ပြည်သူတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“ပထမမြို့ထဲမှာ ဆန္ဒပြသွားလို့ ကလေးတွေကို ပိတ်စစ်တယ် ထင်နေတာပါ။ အခုက မဟုတ်လောက်ဘူး။ ၂ နာရီလောက်ရှိပြီ လမ်းတွေကို အကုန်ပိတ်စစ်နေတာပါ။ ကားတွေလည်း တော်တော်ပိတ်နေတယ် ” ဟု ၎င်းက ပြောသည်။

ယနေ့ နံနက်ပိုင်းကလည်း ရန်ကုန်မြို့လယ် ဖရေဇာလမ်းပေါ် ၌ “Antifascist – Action ” စာတမ်းပါ ဘန်နာကိုင်ဆောင်၍ အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်ရေး အတွက် အထွေထွေသပိတ် ကော်မတီ GSC နှင့် မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း ဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကဝိုင်းမော်မြို့၊ မုတ်လွဲရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများနေထိုင်သည့်အိမ်​ပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦးဒဏ်ရာရခဲ့သည်။

သတင်း

မြို့မကျောင်းဆရာတော်က ပြည်သူများထွက်ခွာခွင့်ပေးရန် စစ်ကောင်စီထံတောင်းဆိုသော်လည်းထွက်ခွင့်မ​ပေး

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဧပြီလ ၁၈ ရက်ညနေပိုင်းမှာ စတင်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း

သပိတ်ကျင်းမြိုနယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း ပြည်သူ ၄၀ သေဆုံးဝန်းကျင် သေဆုံး