Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့ဟု KIAအသိပေး

စစ်ကောင်စီတပ်က ဂျက်လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်သူများအား သယ်ဆောင်ရာတွင် အသုံးပြုသည့် ထမ်းစဉ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်သူများအား သယ်ဆောင်ရာတွင် အသုံးပြုသည့် ထမ်းစဉ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - IR

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာကျေးရွာအနီး၌ ဒီဇင်ဘာ ၂၇ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ် ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက် ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

မဲဇာတောင်တွင် တပ်စွဲနေရာယူနေသည့် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် KIA/KPDF ပူးပေါင်းတပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့၍ နှစ်ဖက်ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ဂျက်လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement
Public Service Announcement

အင်းတော်တွင် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်ကလည်း အနီးဝန်းကျင်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူများ နေအိမ်အနီး ကျရောက် ပေါက်ကွဲခဲ့သည်ဟု KIAက ဆိုသည်။

Public Service Announcement

Public Service Announcement

အင်းတော်ဒေသခံ PDFက မဲဇာရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ယမန်နေ့တွင် ပြောကြားထားသည်။

ရှမ်းမြောက် KIA တပ်မဟာ(၆)၊ တပ်ရင်း(၃၆) နယ်မြေတစ်ဝိုက် မုံးကိုးဒေသတွင်လည်း စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုလည်းရှိခဲ့ကြောင်း KIAသတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook