Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်မီးရှို့သွား​​သောဆားလင်းကြီးမြို့မှရွာ​လေးရွာစားဝတ်​နေ​ရေးအခက်ကြုံ၍ တော်လှန်​ရေးအဖွဲ့က​ငွေ​ချေး၍ကူညီ​နေရ

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည်ယနေ့(ဒီဇင်ဘာလ ၂၉ရက်)တွင်နေအိမ် ၁၂၈အိမ်အတွက်တစ်အိမ်ထောင်လျှင်ဒယ်အိုး တစ်လုံး၊ဒန်အိုး တစ်လုံး၊ဇလုံ နှစ်လုံး၊ဇွန်း သုံးချောင်း၊ဆန် နှစ်ပြည်နှင့်ဖလားတစ်လုံးစီ လှူဒါန်းခဲ့သည်။

(အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်​ဘေး၊မီး​ဘေးသင့်ပြည်သူများကို စားတပ်ရိက္ခာကူညီဖြန့်​ဝေ​ပေး​နေစဥ်)
(အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်​ဘေး၊မီး​ဘေးသင့်ပြည်သူများကို စားတပ်ရိက္ခာကူညီဖြန့်​ဝေ​ပေး​နေစဥ်)

စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသည့်ဆားလင်းကြီးမြို့နယ်မှ ကျေးရွာအချို့ စားဝတ်နေရေးအခက်ကြုံနေသဖြင့် အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေချေးငှား၍ ထောက်ပံပေးနေရ​ကြောင်းတော်လှန်ရေးအင်အားစုများကပြောသည်။

စစ်​ကောင်စီတပ်ကဆားလင်းကြီးမြို့နယ်မှတောကျောင်း၊ ဆားထုံး၊ ထန်းဇင်နှင့်လက်ပံကျွန်းကျေးရွာတို့ကိုဒီဇင်ဘာလအတွင်းမီးရှို့ဖျက်ဆီးသွားခဲ့သည်။ မီးရှို့ခံရသော နေအိမ်များမှ မိသားစုဝင်များသည် ယခုအခါ စားရေး၊နေရေးအလွန်ခက်ခဲနေသဖြင့်ဒေသခံတော်လှန်ရေးအင်အားစု​ဖြစ်သည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံလူငယ်တစ်ဦးကပြောသည်။

“ရွာထဲဝင်လာပြီးCDMအိမ်တွေ၊ဆရာမတွေအိမ်တွေ၊ PDF အိမ်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးဟောင်းအိမ်တွေကိုမေးပြီး မီးရှို့သွားတာ။ သူတို့အတွက် ကူညီနိုင်ဖို့ မဲရောင်းတယ်။ လိုငွေကို အသိတစ်ယောက်ဆီကနေချေးပြီးသွားလှူခဲ့တယ်။ စားအိုးကွဲ(စားနပ်ရိက္ခာပြတ်လပ်သည်ဟုဆိုလိုသည်)နေပြီမို့ သွားလှူခဲ့တာပါ”ဟု အဆိုပါလူငယ်ကပြောသည်။

Public Service Announcement
Public Service Announcement

အထက်ပါကျေးရွာလေးရွာတွင် နေအိမ် ၂၅၀ခန့်မီးလောင်သွားပြီး ချက်ပြုတ်ရန်ပင် အိုးခွက်များမရှိတော့၍များစွာ အခက်ကြုံနေရသည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

(အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်​ဘေး၊မီး​ဘေးသင့်ပြည်သူများကို စားတပ်ရိက္ခာကူညီဖြန့်​ဝေ​ပေး​နေစဥ်)
(အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်​ဘေး၊မီး​ဘေးသင့်ပြည်သူများကို စားတပ်ရိက္ခာကူညီဖြန့်​ဝေ​ပေး​နေစဥ်)

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည်ယနေ့(ဒီဇင်ဘာလ ၂၉ရက်)တွင်နေအိမ် ၁၂၈အိမ်အတွက်တစ်အိမ်ထောင်လျှင်ဒယ်အိုး တစ်လုံး၊ဒန်အိုး တစ်လုံး၊ဇလုံ နှစ်လုံး၊ဇွန်း သုံးချောင်း၊ဆန် နှစ်ပြည်နှင့်ဖလားတစ်လုံးစီ လှူဒါန်းခဲ့သည်။

“ကျွန်​တော်တို့မှာပြည်သူမှပြည်သူပဲရှိပါတယ်။အချင်းချင်း ကူညီပေးကြပါ။အခုမီးရှို့ခံလိုက်ရတဲ့ကျေးရွာမှာဆိုရင်အိမ်အသုံးအဆောင်ဘာမှမရလိုက်ပါဘူး။အကုန်မီးထဲပါသွားတာပါ။ပြည်သူမှာလိုအပ်ချက်တွေအများကြီးရှိပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆားလင်းကြီးဒေသ စစ်ဘေးရှောင်ပြည်သူများကိုထောက်ပံ့ကူညီလိုပါက အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာ https://www.facebook.com/profile.php?id=100087916585581 သို့ဆက်သွယ်နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။