Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့သို့လာသည့် တပ်မ(၃၃)ယာဥ်တန်းအား နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာနေသော စစ်ကောင်စီယာဥ်တန်းကို ယခုနှစ်ဆန်းပိုင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း တပ်မ(၃၃)မှ မုံရွာမြို့သို့ထွက်လာသည့် စစ်ကောင်စီယာဥ်တန်းအား မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force(MMU)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၃၀ရက်)တွင် စစ်ကိုင်း တပ်မ(၃၃)မှ အင်အား၂၀ခန့်ဖြင့် မြင်းမူမြို့ အ.ထ.က(၁)ကျောင်းအတွင်းသို့ ရောက်ရှိလာပြီး ထိုမှတဆင့် Express ယာဥ်ဖြင့် မုံရွာမြို့သို့ဆက်လက်ထွက်ခွာစဉ် ညနေ ၄နာရိခန့်တွင် ဝမ်းပြည့်ရွာနှင့်အလ္လကပ္ပကျေးရွာကြား၌ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force(MMU)အဖွဲ့က အသိပေးသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဥ်မှာ ပျက်စီးသွားပြီး ရှေ့သို့ဆက်မသွားနိုင်တော့ဘဲ နောက်သို့ပြန်လှည့်သွားကြောင်း၊ စစ်ကောင်စီတ​ပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း DK PDF(MMU)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို စုံစမ်းနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့် ပတ်သက်၍ မဟာမိတ်အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယမန်နေ့(ဒီဇင်ဘာ ၂၉ ရက်) ညနေ ၃နာရီ​ဝန်းကျင်ကလည်း မုံရွာ – မန္တလေး လမ်းမကြီးပေါ်ရေပိုးစားရွာနှင့် နတ်ရေကန်ကျေးရွာကြား၌ ကင်းပုန်းဝပ်ထွက်လာသော စစ်ကောင်စီတပ်များအား ဒရုန်းဖြင့် သုံးကြိမ်တိတိ ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force -MMU အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။