Connect with us

Hi, what are you looking for?

သတင်း

ခြေဥအသက်သွင်းပြီးအာဏာဆက်ယူရန်ကြိုးပမ်းမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အားမပေးဖို့ KIO ဥက္ကဋ္ဌပြော

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နှစ်သစ်ကူးအချိန်ကာလ နုတ်ခွန်းဆက်မိန့်ခွန်းကို ကချင်ဘာသာဖြင့် ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်ကို KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ရှင်းပြခြင်းဖြစ်သည်။

ခြေဥအသက်သွင်းပြီးအာဏာဆက်ယူရန်ကြိုးပမ်းမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အားမပေးဖို့ KIO ဥက္ကဋ္ဌပြော
ခြေဥအသက်သွင်းပြီးအာဏာဆက်ယူရန်ကြိုးပမ်းမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အားမပေးဖို့ KIO ဥက္ကဋ္ဌပြော

◾️စစ်အာဏာရှင် ချုပ်ငြိမ်းရေး အားလုံးလက်တွဲတော်လှန်ကြရန် တိုက်တွန်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းပြီး အာဏာဆက်ယူရန် ကြိုးပမ်းသည့်အနေဖြင့် စစ်ကောင်စီက ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်ကို အားပေးခြင်းမပြုရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ယမန်နေ့တွင်တိုက်တွန်းလိုက်သည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နှစ်သစ်ကူးအချိန်ကာလ နုတ်ခွန်းဆက်မိန့်ခွန်းကို ကချင်ဘာသာဖြင့် ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်ကို KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ရှင်းပြခြင်းဖြစ်သည်။

“၂၀၂၃မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတဲ့အချိန်ကာလဖြစ်ပါတယ်။အဲဒီ ရွေးကောက်ပွဲပြီးတာနဲ့ သူလည်း ၂၀၀၈ အခြေခံဥပဒေကို ပြန်ပြီးမှ အသက်ရှင်အောင်လုပ်ပြီးမှ သူလည်း ဆက်ပြီးအာဏာထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ရည်ရွယ်ချက်ဖြစ်နေတယ်။ အဲဒါကိုလည်း ကျွန်တော်တို့ ပြည်သူလူထုတွေ အားလုံးက ကျွန်တော်တို့ကို အုပ်ချုပ်နေတဲ့ ကျွန်တော်တို့ကို နှိပ်စက်နေတဲ့ စစ်တပ်တွေကို အားမပေးဖို့ အဲဒီအကြောင်းတွေတော့ပါတာပေါ့။ ပြောရမယ်ဆိုရင် အဲဒီရွေးကောက်ပွဲဖြစ်အောင် ကူညီပံ့ပိုးတဲ့ဟာတွေအားလုံးကတော့ စစ်တပ်ကို အားပေးအားမြောက်တဲ့ သူ့ကို ကူညီတဲ့သဘောတွေ ဖြစ်မြောက်တာပေါ့။ ဒါကြောင့် အဲဒါမလုပ်ဖို့ဆိုတာ နည်းနည်း အကျယ်တဝင့်ပြောထားတဲ့ဟာ တွေ့ရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက KIO ဥက္ကဋ္ဌ မိန့်ခွန်းပါ အချက်များကို ရှင်းပြသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာပြည်သူတစ်ရပ်လုံး အားလုံးဝိုင်းဝန်းပြီး စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်၍ လက်တွဲတော်လှန်သွားရန် KIO ဥက္ကဋ္ဌက ပြောဆိုခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် KIOဝန်ထမ်းများနှင့် ပြည်သူလူထုများ ထိခိုက်နစ်နာကျဆုံးခဲ့ရသည့် အနန့်ပါ တိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် မေ့လို့မရသည့် သမိုင်းမှတ်တမ်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုခဲ့သည်။

“အဲဒါကို အချင်းချင်း အပြစ်တင်မယ့်အစား အဲဒါကို သင်ခန်းစာယူပြီးမှ ရှေ့ဆက်ပြီးမှ ကျွန်တော်တို့ တော်လှန်ရေးတွေကို ဆက်လုပ်ဖို့ ကြိုးစားဖို့တိုက်တွန်းထားတာတွေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။