Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခြေဥအသက်သွင်းပြီးအာဏာဆက်ယူရန်ကြိုးပမ်းမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အားမပေးဖို့ KIO ဥက္ကဋ္ဌပြော

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နှစ်သစ်ကူးအချိန်ကာလ နုတ်ခွန်းဆက်မိန့်ခွန်းကို ကချင်ဘာသာဖြင့် ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်ကို KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ရှင်းပြခြင်းဖြစ်သည်။

ခြေဥအသက်သွင်းပြီးအာဏာဆက်ယူရန်ကြိုးပမ်းမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အားမပေးဖို့ KIO ဥက္ကဋ္ဌပြော
ခြေဥအသက်သွင်းပြီးအာဏာဆက်ယူရန်ကြိုးပမ်းမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အားမပေးဖို့ KIO ဥက္ကဋ္ဌပြော

◾️စစ်အာဏာရှင် ချုပ်ငြိမ်းရေး အားလုံးလက်တွဲတော်လှန်ကြရန် တိုက်တွန်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းပြီး အာဏာဆက်ယူရန် ကြိုးပမ်းသည့်အနေဖြင့် စစ်ကောင်စီက ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်ကို အားပေးခြင်းမပြုရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ယမန်နေ့တွင်တိုက်တွန်းလိုက်သည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နှစ်သစ်ကူးအချိန်ကာလ နုတ်ခွန်းဆက်မိန့်ခွန်းကို ကချင်ဘာသာဖြင့် ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်ကို KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ရှင်းပြခြင်းဖြစ်သည်။

“၂၀၂၃မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတဲ့အချိန်ကာလဖြစ်ပါတယ်။အဲဒီ ရွေးကောက်ပွဲပြီးတာနဲ့ သူလည်း ၂၀၀၈ အခြေခံဥပဒေကို ပြန်ပြီးမှ အသက်ရှင်အောင်လုပ်ပြီးမှ သူလည်း ဆက်ပြီးအာဏာထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ရည်ရွယ်ချက်ဖြစ်နေတယ်။ အဲဒါကိုလည်း ကျွန်တော်တို့ ပြည်သူလူထုတွေ အားလုံးက ကျွန်တော်တို့ကို အုပ်ချုပ်နေတဲ့ ကျွန်တော်တို့ကို နှိပ်စက်နေတဲ့ စစ်တပ်တွေကို အားမပေးဖို့ အဲဒီအကြောင်းတွေတော့ပါတာပေါ့။ ပြောရမယ်ဆိုရင် အဲဒီရွေးကောက်ပွဲဖြစ်အောင် ကူညီပံ့ပိုးတဲ့ဟာတွေအားလုံးကတော့ စစ်တပ်ကို အားပေးအားမြောက်တဲ့ သူ့ကို ကူညီတဲ့သဘောတွေ ဖြစ်မြောက်တာပေါ့။ ဒါကြောင့် အဲဒါမလုပ်ဖို့ဆိုတာ နည်းနည်း အကျယ်တဝင့်ပြောထားတဲ့ဟာ တွေ့ရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက KIO ဥက္ကဋ္ဌ မိန့်ခွန်းပါ အချက်များကို ရှင်းပြသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာပြည်သူတစ်ရပ်လုံး အားလုံးဝိုင်းဝန်းပြီး စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်၍ လက်တွဲတော်လှန်သွားရန် KIO ဥက္ကဋ္ဌက ပြောဆိုခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် KIOဝန်ထမ်းများနှင့် ပြည်သူလူထုများ ထိခိုက်နစ်နာကျဆုံးခဲ့ရသည့် အနန့်ပါ တိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် မေ့လို့မရသည့် သမိုင်းမှတ်တမ်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုခဲ့သည်။

“အဲဒါကို အချင်းချင်း အပြစ်တင်မယ့်အစား အဲဒါကို သင်ခန်းစာယူပြီးမှ ရှေ့ဆက်ပြီးမှ ကျွန်တော်တို့ တော်လှန်ရေးတွေကို ဆက်လုပ်ဖို့ ကြိုးစားဖို့တိုက်တွန်းထားတာတွေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။