Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုလက်ချက်ကြောင့်အရပ်သားပြည်သူ ၂,၇၀၀ နီးပါးသေဆုံးခဲ့ရ

အဲဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။

စစ်အုပ်စုလက်ချက်ကြောင့်အရပ်သားပြည်သူ ၂,၇၀၀ နီးပါးသေဆုံးခဲ့ရ
စစ်အုပ်စုလက်ချက်ကြောင့်အရပ်သားပြည်သူ ၂,၇၀၀ နီးပါးသေဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂၃ လတာအတွင်း ပြည်သူ ၁၆,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး စစ်အုပ်စုနဲ့ လက်ပါးစေတွေလက်ချက်ကြောင့် သေဆုံးခဲ့ရသူဟာ ၂,၆၈၈ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကဒီနေ့မှာစာရင်းထုတ်ပြန်ပါတယ်။

အဲဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူ ၁၆,၇၄၀ ဦးထဲမှာ ပြန်လည်လွတ်မြောက်လာသူတွေရှိပေမယ့် ၁၃,၂၁၇ ဦးဟာ ထိန်းသိမ်းခံရဆဲဖြစ်ပါတယ်။

Public Service Announcement
Public Service Announcement

အဲဒီလို ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေဟာ ၂၀ ရာခိုင်နှုန်းပါဝင်ခဲ့ပြီး ၃,၄၅၅ ဦးရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အသက်မပြည့်သေးတဲ့ ကလေး စုစုပေါင်း ၄၈၂ ဦးဖမ်းခံခဲ့ရပါတယ်။

စစ်ကောင်စီနဲ့ လက်ပါးစေတွေနဲ့ လက်ချက်ကြောင့်သေဆုံးသူဦးရေဟာ ၂,၆၈၈ ဦးထိရှိခဲ့တယ်လို့လည်းသိရပါတယ်။

ဖမ်းဆီးခံရသူ ၊သတ်ဖြတ်ခံရသူ ဦးရေအများဆုံးဟာ ရန်ကုန်တိုင်းကဖြစ်တာကိုလည်း AAPP ရဲ့စာရင်းမှာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook