စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် တပ်မ(၃၃)မှ ထွက်လာသည့် စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုရှိကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ People’s Army To Fight Dictatorshipက သတင်းထုတ်ပြန်သည်။
ယနေ့ (ဇန်နဝါရီ ၇ရက်) နံနက် ၆နာရီခန့်က စစ်ကိုင်းတပ်မ (၃၃)မှ မုံရွာမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီကားနှစ်စီးအား မြင်းမူမြို့နှင့်ဝမ်းပြည့်ကျေးရွာကြားတွင် ပြင်းအားမိုင်းဖြင့်နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့ကြောင်း PAFD အဖွဲ့က အသိပေးသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီးအများအပြားဒဏ်ရာရခဲ့သည်ဟု PAFD က ဆိုသည်။
စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု PAFDက အသိပေးသည်။

Public Service Announcement
ဖြစ်စဥ်နှင့်ပတ်သက်၍ PAFDအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြည်သူများအနေဖြင့် ထောက်ပို့ကမ်ပိန်းတွင်ပါဝင်အားဖြည့်ကူညီကြရန် PAFD မေတ္တာရပ်ခံထားသည်။
အဆိုပါ စစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU)၊ TAUNGTHA People Defense Force(TTAPDF).D.B.B.F.MMU မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
ဇန်နဝါရီ ၂ ရက် ညနေပိုင်းကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် မအူစစ်ဆေးရေးဂိတ်မှ မုံရွာမြို့တွင်းသို့ ပြန်ဝင်လာသည့် စစ်ကောင်စီ၏ ငါးစီးပါ ယာဥ်တန်းကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ထားသည်။


















































