Connect with us

Hi, what are you looking for?

သတင်း

မီတာခကြွေးကျန်မဆောင်ရင် ရာသက်ပန်မီးသုံးစွဲခွင့်ပိတ်မယ်လို့ မန္တလေး EPC ခြိမ်းခြောက်

ဒီနှစ်ဆန်ပိုင်းမှာ ထုတ်ပြန်လာတဲ့ MESC ရဲ့ ထုတ်ပြန်ချက်မှာ မီတာခ ကြွေးကျန် ရဖို့အတွက် တရားစွဲဆိုတာတွေကို စတင်မယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

မီတာခကြွေးကျန်မဆောင်ရင် ရာသက်ပန်မီးသုံးစွဲခွင့်ပိတ်မယ်လို့ မန္တလေး EPC ခြိမ်းခြောက်
မီတာခကြွေးကျန်မဆောင်ရင် ရာသက်ပန်မီးသုံးစွဲခွင့်ပိတ်မယ်လို့ မန္တလေး EPC ခြိမ်းခြောက်

မန္တလေးမြို့မှာ လျှပ်စစ်မီတာကြွေးကျန်တွေကို မဆောင်ရင် ရာသက်ပန်မီးသုံးစွဲခွင့် ပိတ်ပင်ပြီး တရားစွဲမယ်လို့ စစ်ကောင်စီလက်အောက်ခံ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESD) က ထုတ်ပြန်လာပါတယ်။

ဒီနှစ်ဆန်ပိုင်းမှာ ထုတ်ပြန်လာတဲ့ MESC ရဲ့ ထုတ်ပြန်ချက်မှာ မီတာခ ကြွေးကျန် ရဖို့အတွက် တရားစွဲဆိုတာတွေကို စတင်မယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

ဒါအပြင် မီတာခကြွေးကျန် မဆောင်ရင် လျှပ်စစ်မီးသုံးစွဲခွင့်ကို ရာသက်ပန်ပိတ်ပင်မယ်လို့လည်း ဆိုထားပါတယ်။

မန္တလေးမှာ မီတာမဆောင်တဲ့ အိမ်တွေကို စစ်ကောင်စီတပ် လုံခြုံရေးအစောင့်အရှောက်နဲ့ မီးလိုက်ဖြတ်တာတွေ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပုသိမ်ကြီးမြို့နယ် သမ္မတော ကျေးရွာအုပ်စုထဲက ရွာ ၄ ရွာထက်နည်း မီတာမဆောင်လို့ဆိုပြီး မီးဖြတ်ထားတာဟာ ၆ လခန့်ရှိပါပြီ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အခွန်မရဖို့အတွက် အာဏာဖီဆန်တဲ့အနေနဲ့ လူထုဟာ မီတာမဆောင်ဘဲ ဆန့်ကျင်ခဲ့ကြတာပါ။

စစ်ကောင်စီဘက်ကလည်းမီတာမဆောင်တဲ့အိမ်တွေကို မီးဖြတ်ပြီး ပြန်လည်တုံ့ပြန်တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

Facebook