Connect with us

Hi, what are you looking for?

သတင်း

မန္တလေးက ပုဂ္ဂလိကဆေးရုံတစ်ရုံ မှာ CDM ခန့်ထားတာရှိမရှိ စစ်ကောင်စီတပ် ဝင်စစ်ဆေး

အဲဒီဆေးရုံတွေဟာ CDM တွေကိုအလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကောင်စီက ပိတ်ခိုင်းထားတာလို့လည်းစုံစမ်းသိရပါတယ်။

နွေဦးတော်လှန်ရေးအစောပိုင်းကာလ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဆင်နွှဲနေတဲ့ မန္တလေးကျန်မားရေးမိသားစု သပိတ်အင်အားစုတွေကိုတွေ့ရစဉ်
နွေဦးတော်လှန်ရေးအစောပိုင်းကာလ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဆင်နွှဲနေတဲ့ မန္တလေးကျန်မားရေးမိသားစု သပိတ်အင်အားစုတွေကိုတွေ့ရစဉ်

မန္တလေးက ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့ ကြယ်စင်လင်းဆေးရုံမှာ CDM ကျန်းမာရေးဝန်ထမ်းတွေရှိမရှိ စစ်ကောင်စီတပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဝင်စစ်သွားတယ်လို့ဆေးရုံနဲ့နီးစပ်သူတွေထံကသိရပါတယ်။

အဲဒီဆေးရုံဟာ မဟာအောင်မြေမြို့နယ် ၊လမ်း ၆၀ ၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားမှာရှိပြီး စစ်ကောင်စီတပ်က CDM တွေနဲ့ ပတ်သက်ဆက်နွယ်တာတွေမလုပ်ဖို့ သတိပေးသွားတယ်လို့လည်းသိရပါတယ်။

“CDMဆို လုံးဝလက်မခံရဲအောင် လာခြောက်တဲ့သဘောလည်းပါတယ်”လို့ ဆေးရုံနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကလည်း မန္တလေးက နာမည်ကြီးဆေးရုံ တွေဖြစ်တဲ့ မြို့တော် ၊နန်းတော် ၊ကံ့ကော်၊ ထက်နေလင်း နဲ့ စိန်ပန်းဆေးရုံ အပါအဝင် ဆေးရုံ ၅ ရုံကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ်ခိုင်းထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဆေးရုံတွေဟာ CDM တွေကိုအလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကောင်စီက ပိတ်ခိုင်းထားတာလို့လည်းစုံစမ်းသိရပါတယ်။

မန္တလေးမှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီတပ်ဟာ ပစ်မှတ်ထားဖမ်းဆီးတာရှိပြီး ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလကုန်ပိုင်းနဲ့နိုဝင်ဘာလဆန်းပိုင်းမှာတင် ဒါဇင်နဲ့ချီတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖမ်းဆီးခံခဲ့ရတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။