Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်တွင် မိုင်းရှင်းစဥ် ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာပြင်းထန်ဟုဆို

အထက်ပါ မိုင်းပေါက်ကွဲမှုဖြစ်စဥ်မှ ဒဏ်ရာအပြင်းအ ထန်ရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ နောက်ဆက်တွဲအခြေအနေကို ထပ်မံအတည်ပြု စုံစမ်းလျက်ရှိကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

ကျောင်ကြီးမြို့နယ်တွင် မိုင်းရှင်းစဥ် ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာပြင်းထန်ဟုဆို
ကျောင်ကြီးမြို့နယ်တွင် မိုင်းရှင်းစဥ် ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာပြင်းထန်ဟုဆို

‌ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် ထောင်ထားသည့်မိုင်းများအား ရှင်းလင်းရေးလုပ်ရန်လာသည့် စစ်ကောင်စီတပ် မိုင်းပေါက်ကွဲပြီး သုံးဦးသေကာ ခြောက်ဦးဒဏ်ရာရသွားကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(ဇန်နဝါရီ ၇)ထုတ်ပြန်သည်။

သဲကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြား နတ်သံကွင်း – ကျောက်ကြီး ကားလမ်းမပေါ်တွင် ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၂)၊ တပ်ခွဲ – ၂ မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်ရန် ထောင်ထားသော မိုင်းအား ယနေ့နံနက် ၈နာရီခန့်က စစ်ကောင်စီတပ်များ လာရောက်ရှင်းလင်းစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး‌သေဆုံးပြီး (၆)ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ သေဆုံးဒဏ်ရာရရှိခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မုန်းဒေသအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ- ၅၉၉) မှ ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်”ဟု ပဲခူးတိုင်း စစ်ဒေသခွဲက ဖော်ပြသည်။

အထက်ပါ မိုင်းပေါက်ကွဲမှုဖြစ်စဥ်မှ ဒဏ်ရာအပြင်းအ ထန်ရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ နောက်ဆက်တွဲအခြေအနေကို ထပ်မံအတည်ပြု စုံစမ်းလျက်ရှိကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ကျောက်ကြီးမြို့နယ် သဲကုန်းရွာအနီး ထန်းလေးပင်ကွေ့မှာ ဒီမနက်ရှစ်နာရီဝန်းကျင် တော်လှန်ရေးအင်အားစုတွေထောင်ထားတဲ့မိုင်းကို စစ်ခွေးတွေဖော်တာလို့ကြားတယ်။ လက်ထဲမှာပေါက်ကွဲပြီး တစ်ဦးပွဲချင်းပြီးသေ၊ သုံးဦးဒါဏ်ရာပြင်းထန်၊ ကျောက်ကြီးဆေးရုံကို သုံးဘီးနဲ့သယ်လာတယ်လို့ ကနဦးသိရတယ်”ဟု ကျောက်ကြီးဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook