Connect with us

Hi, what are you looking for?

သတင်း

ရေးခရိုင်ဒုစရိုက်နှိမ်နှင်းရေးခေါင်း ဆောင်ဆိုသူ ဒုရဲမှူးလှိုင်မင်းသန့်အား ရှင်းလင်းခဲ့ဟု ရေးပြောက်ကျားတပ်ပြော

ယမန်နေ့ကလည်း မွန်ပြည်နယ် လမိုင်းမြို့နယ်၊နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း YGF က အသိပေးထားသည်။

မွန်ပြည်နယ်၊​​ ရေးခရိုင် ဒုစရိုက်နှိမ်နှင်းရေးခေါင်း ဆောင် ဒုရဲမှူးလှိုင်မင်းသန့်အား ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ –YGFက ယနေ့ အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီ၏ ဒုရဲမှူးလှိုင်မင်းသန့်အား ယမန်နေ့ (ဇန်နဝါရီ ၁၁ရက်) ည ၈ နာရီ ၁၅မိနစ်ခန့်က ရေးမြို့နယ်၊ အောင်သုခရပ်ကွက် အုန်းတောအစု တွင် မိုင်းဖြင့်ခွဲကာ ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

၎င်းတို့ရှင်းလင်းခဲ့သည် ဒုရဲမှူးလှိုင်မင်းသန့်သည်ပြည်သူများကို လက်နက်ပြ၊အနိုင်ကျင့်၊ခြိမ်း ခြောက် ငွေတောင်းခံနေသူဖြစ်ကြောင်း YGF က အသိပေးသည်။

“အောင်သုခရပ်ကွက် နုရတနာစားသောက်ဆိုင်နားမှာ ဗုံးပေါက်တာ။ သေတဲ့သူရှိလားဆိုတာတော့ မပြောတက်ဘူး”ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း မွန်ပြည်နယ် လမိုင်းမြို့နယ်၊နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း YGF က အသိပေးထားသည်။

ထို့အပြင် CDMပြုလုပ်သူများနှင့် တော်လှန်ရေးရဲဘော်များအား အဓိကဒုက္ခပေးနေသည့် ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီး ညီညီ ကိုလည်း ဇန်နဝါရီ ၉ရက်တွင် YGF က ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အင်အား၁၀၀ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က ဒီကနေ့ မေလ၃ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစု နဲ့ တော်လှန်‌ရေးမဟာမိတ်တပ်ဖွဲ့တွေက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုမှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။