ဇူလိုင်-၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက်(ခလရ-၃၁)ကာကင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၆ ရက် ဒီနေ့ မနက် ၈နာရီလောက်မှာ စစ်တပ်ရဲ့ ကာကင်းစခန်းကို MSRFက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၅ မိနစ်အကြာမှာ ခွာစစ်ဆင်ခဲ့တာလို့ အသိပေးပါတယ်။
တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က သေဆုံးထိခိုက် အခြေအနေကို စုံစမ်းနေဆဲလို့ ဖော်ပြပါတယ်။

Public Service Announcement
MSRFဟာ အရင်ကလည်း မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ရေးမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်ခဲ့တာရှိပြီး အခု စစ်ဆင်ရေးမှာတော့ MSRF ရဲ့ တပ်ခွဲ(၁)က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ နဲ့ မေလတွေအတွင်း ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို MSRFနဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ YPDF၊ RMA၊ KNLA၊ YGFတို့နဲ့အတူ ပူးပေါင်းခုခံခဲ့ပါတယ်။
MSRF ဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တခုလည်းဖြစ်ပါတယ်။


















































