Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင်​နွေဦး​တော်လှန်​ရေး၌ကျဆုံးခဲ့​သောPDFများအတွက်NUG​ထောက်ပံ့​ငွေ​ပေးအပ်

မြောင်လူငယ်ကွန်ရက် -YFC မှဦးဆောင်ကာ ကျဆုံးပြည်သူ့ရဲဘော်များ၏ မိသားစုဝင်များထံ ပေးအပ်ထောက်ပံ့ခဲ့​ခြင်းဖြစ်သည်။

(စစ်​ဘေး​ရှောင်၊ မီး​ဘေးသင့်ပြည်သူများကိုကူညီ​နေစဥ်။ ဓါတ်ပုံ-CDSOM)
(စစ်​ဘေး​ရှောင်၊ မီး​ဘေးသင့်ပြည်သူများကိုကူညီ​နေစဥ်။ ဓါတ်ပုံ-CDSOM)

စစ်အာဏာရှင်အား တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့သော မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၈ဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တစ်ဦးလျှင်ကျပ်တစ်သိန်းစီ ထောက်ပံ့ခဲ့သည်။

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သော ရဲဘော်များအတွက် ထောက်ပံ့ငွေကိုအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအစီအစဥ်ဖြင့် ဇန်နဝါရီ ၁၁ရက်က ပေးအပ်ခြင်းဖြစ်သည်။

“မြောင်နယ်မှာကျဆုံးတဲ့စစ်သည်တွေအတွက်NUGက ထောက်ပံ့ငွေကို မိသားစုဝင်တွေလက်ထဲ ပေးအပ်ခဲ့ပါတယ်” ဟု ​မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံ ကိုနွေဦးကပြောသည်။

Public Service Announcement
Public Service Announcement

မြောင်လူငယ်ကွန်ရက် -YFC မှဦးဆောင်ကာ ကျဆုံးပြည်သူ့ရဲဘော်များ၏ မိသားစုဝင်များထံ ပေးအပ်ထောက်ပံ့ခဲ့​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည်မြောင်မြို့နယ်အပြင် အခြားဒေသများမှ တော်လှန်ရေးကာလအတွင်း ကျဆုံးပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူများကိုလည်းထောက်ပံ့နေသည်။

ထို့အပြင် စစ်ကိုင်းမြို့ ဒီပဲယင်းကွဲကျေးရွာတွင် ဇန်နဝါရီလ ၆ရက်က ဖြစ်ခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့သော ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးနှင့် အရပ်သားသုံးဦးအတွက်လည်းတစ်ဦးလျှင်တစ်သိန်းစီး ထောက်ပံ့ခဲ့ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။