Connect with us

Hi, what are you looking for?

သတင်း

ဟားခါးအခြေစိုက် ခလရ(၂၆၆)မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူCDFဇိုဖေထံထပ်မံခိုလှုံလာ

ဇန်နဝါရီ ၆ရက်က ခလရ (၂၆၆)တပ်ရင်းမှပြည်သူ့ဘက်တော်သား ၁ဦး MA1 သေနတ် ၁လက် ၊ ကျည်များနှင့်အတူ လာရောက်ပူးပေါင်းလာခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

(CDF-ဇို​ဖေထံ အလင်းဝင်လာ​သောစစ်သားနှင့်ယူ​ဆောင်လာသည့်လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CDFဇို​ဖေ)
(CDF-ဇို​ဖေထံ အလင်းဝင်လာ​သောစစ်သားနှင့်ယူ​ဆောင်လာသည့်လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CDFဇို​ဖေ)

ချင်းပြည်နယ် ဟားခါး အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၂၆၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးထပ်မံအလင်းဝင်ခိုလှုံလာကြောင်းချင်းကာကွယ်ရေးတပ်(CDF)-ဇိုဖေ(Zophei) ကယမန်နေ့တွင်သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၆ရက်က ခလရ (၂၆၆)တပ်ရင်းမှပြည်သူ့ဘက်တော်သား ၁ဦး MA1 သေနတ် ၁လက် ၊ ကျည်များနှင့်အတူ လာရောက်ပူးပေါင်းလာခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

(CDF-ဇို​ဖေထံ အလင်းဝင်လာ​သောစစ်သားနှင့်ယူ​ဆောင်လာသည့်လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CDFဇို​ဖေ)
(CDF-ဇို​ဖေထံ အလင်းဝင်လာ​သောစစ်သားနှင့်ယူ​ဆောင်လာသည့်လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CDFဇို​ဖေ)

လာရောက်ပူးပေါင်းမှုကို နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်းနှင့် ပြည်သူ့ဘက်သို့အလင်းဝင်ခိုလှုံလာသူပြည်သူ့ဘက်တော်သားအတွက် ထိုက်သင့်သော ဆုကြေးလက်ဆောင်ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ တပ်ဖွဲ့ဝင်အား လွတ်မြောက်နယ်မြေ သို့ ကောင်းမွန်စွာ ရောက်ရှိရေး တာဝန်ယူဆောင်ရွက်ပေးသွားမည်ဟု လည်း CDF ဇိုဖေက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

၂၀၂၂ နှစ်ကုန်ပိုင်းကလည်း ခလရ(၂၆၆) တပ်ရင်းမှ တပ်သား ဇင်ကိုထက်၊ အောင်ဖြိုးမင်းနှင့် သက်နိုင်ထွန်းတို့သည် သေနတ် ၂လက်၊ လက်ပစ်ဗုံး ၃ခု၊ ကျည်ဆံ ၇၀၀ ကျော် ယူဆောင်ကာ အလင်းဝင်လာကြောင်း CDF – ဇိုဖေက အသိပေးထားသည်။ အလားတူ ၂၀၂၂ နှစ်ကုန်ပိုင်း၌ပင် ဟားခါးမြို့မှ ရဲစခန်းမှ ရဲတပ်သား တစ်ဦးလည်း လက်နက်နှင့်အတူ CDF – ဇိုဖေထံ အလင်းဝင်ခိုလှုံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။