Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်ရှိ သကျက်တောရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းဖျက်ဆီးပြီးစွန့်ခွာထွက်ပြေး

ရဲစခန်းဝင်ပေါက်နှင့် ဆိုင်းပုဒ်များကိုပါ ဆေးဖြူ များသုပ်သွားသည့်အပြင် ကင်းတဲ၊ ဘန်ကာများဖျက်ဆီးထားခဲ့ကြောင်းလည်း သိရသည်။

လောင်းလုံးမြို့နယ်ရှိ သကျက်တောရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းဖျက်ဆီးပြီးစွန့်ခွာထွက်ပြေး
လောင်းလုံးမြို့နယ်ရှိ သကျက်တောရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းဖျက်ဆီးပြီးစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ သကျက်တောရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းအား ဖျက်ဆီးပြီး စွန့်ခွာသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

စခန်းရှိ စစ်ကောင်စီတပ်သား ၂၀ နှင့် တပ်ကူအင်အား အပါအဝင်စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ခန့်မှာ ယမန်နေ့(ဇန်နဝါရီ ၁၃ ရက်)ညပိုင်းက ရေလမ်းကြောင်းမျ တဆင့်ထွက်ခွာခဲ့သည်ဟု ဆိုသည်။

“ဒီကောင်တွေက ဉာဏ်နီဉာဏ်နက် အရမ်းများတယ်။ကျွန်တော်တို့ သတိထားပြီးတော့ စောက်ကြည့်နေရတုန်း ခင်ဗျား။ စခန်းမစွန့်ခင် မနေ့ကညပိုင်းမှာ ​ရေလမ်းကနေ ၃၀ကျော် ရောက်လာပြီး သူတို့တွေနဲ့အတူတူ ဆုတ်သွားတယ် ခင်ဗျ”ဟု LLPDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်ရှိ သကျက်တောရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းဖျက်ဆီးပြီးစွန့်ခွာထွက်ပြေး
လောင်းလုံးမြို့နယ်ရှိ သကျက်တောရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းဖျက်ဆီးပြီးစွန့်ခွာထွက်ပြေး

“စကစ တပ်ကူတွေက မော်တော်နှစ်စီးနဲ့ ၈ရက်နေ့က သကျက်တောရွာ ရဘဲတောင်ဘုန်းကြီး ကျောင်းကိုရောက်လာတာ။ပထမတော့ စစ်ကြောင်းထိုးမယ်ထင်တာ။အခုဒီမနက်ကျတော့ စခန်းထဲ ဘယ်သူမှမရှိကြတော့ဘူး”ဟု သကျက်တော ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရဲစခန်းဝင်ပေါက်နှင့် ဆိုင်းပုဒ်များကိုပါ ဆေးဖြူ များသုပ်သွားသည့်အပြင် ကင်းတဲ၊ ဘန်ကာများဖျက်ဆီးထားခဲ့ကြောင်းလည်း သိရသည်။

Public Service Announcement
Public Service Announcement

ဇန်နဝါရီ ၆ ရက်က သကျက်တောရဲစခန်းမှ စစ်ကောင်စီတပ်သား နှစ်ဦးထန်းရည်သောက်ပြီးပြန်လာချိန်တွင် တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်းလည်း လောင်းလုံး PDF က ထုတ်ပြန်ထားသည်။

ထို့အပြင် သကျက်တောရဲစခန်းကို ယမန်နှစ်က ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကိုအရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မြောင်မြို့‌ပေါ် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပေး

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။