Connect with us

Hi, what are you looking for?

သတင်း

အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု NUG ထုတ်ပြန်

အာဆီယံတွင် အင်ဒိုနီးရှားနိုင်ငံ၏ ခေါင်းဆောင်မှု စတင်သည့်အချိန်သည် မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်းပြီး လူထု၏သဘောထား တဟုန်ထိုးမြင့်တက်နေသည့်ကာလ ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွက် အရေးပါသော အခိုက်အတန့်နှင့်လည်း ကိုက်ညီနေကြောင်း NUG က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ

အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြီးအကဲ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စစ်ရက်နိုသည် အထူးကိုယ်စားလှယ်ရုံး အကြီးအကဲအနေဖြင့် ၎င်း၏ တာဝန်ဝတ္တရားများကို အားသွန်ခွန်စိုက် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG အစိုးရက ယုံကြည်ကြောင်း ဖော်ပြသည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ဇန်နဝါရီ ၁ ရက်တွင် စတင်ထမ်းဆောင်သော အင်ဒိုနီးရှား၏ နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ရက်နိုသည် မြန်မာ့အရေးဖြေရှင်းနိုင်ရေးအတွက် ပါဝင်ပတ်သက်သူအားလုံး(All Stakeholders)နှင့်ထိတွေ့ဆက်ဆံမည်ဟု မကြာသေးမီက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၏ အဆိုပါပြောကြားခဲ့မှုအပေါ် စစ်ကောင်စီက ၎င်းတို့ကြေညာထားသည့် မည်သည့်အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်းများနှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အာဆီယံတွင် အင်ဒိုနီးရှားနိုင်ငံ၏ ခေါင်းဆောင်မှု စတင်သည့်အချိန်သည် မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်းပြီး လူထု၏သဘောထား တဟုန်ထိုးမြင့်တက်နေသည့်ကာလ ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွက် အရေးပါသော အခိုက်အတန့်နှင့်လည်း ကိုက်ညီနေကြောင်း NUG က ဆိုသည်။

ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်သည့် သမိုင်းဝင်သော ပထမဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပြီး ဥပဒေအရ ချည်နှောင်မှုရှိသည့် အဆိုပါဆုံးဖြတ်ချက်သည် မြန်မာပြည်သူများ၏ သဘောဆန္ဒများကို လုံခြုံရေးကောင်စီမှ ထောက်ခံကြောင်း ပြသလိုက်သည်သာမက အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည်ကိုလည်း တွေ့ရှိရကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook