Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကိုလေပိုင်နက် အသုံးပြုခွင့် မပေးဖို့ အိန္ဒိယ အစိုးရကို လူ့အခွင့်အရေး အဖွဲ့ တောင်းဆို

စစ်ကောင်စီရဲ့ လေယာဉ်တွေဟာ မကြာသေးခင် လပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေရဲ့ လေပိုင်နက်တွေကိုလည်း ကျူးကျော်ခဲ့သေးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

CNF/CNF ဌာနချုပ်အားစစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်မှုကို အိန္ဒိယနိုင်ငံဘက်ခြမ်းမှ မှတ်တမ်းတင်ထားမှူ ။ဓါတ်ပုံ-CJ
CNF/CNF ဌာနချုပ်အားစစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်မှုကို အိန္ဒိယနိုင်ငံဘက်ခြမ်းမှ မှတ်တမ်းတင်ထားမှူ ။ဓါတ်ပုံ-CJ

အာဏာသိမ်း စစ်ကောင်စီတက်ရဲ့ စစ်လေယာဉ်တွေကိုလေပိုင်နက်အသုံးပြုခွင့်ပေးနေတာကိုအိန္ဒိယအစိုးရကရပ်ဆိုင်းသင့်ကြောင်းနိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုကထောက်ပြတောင်းဆိုလိုက်ပါတယ်။

Fortify Rights အဖွဲ့ကစစ်ကောင်စီရဲ့လေတပ်ဟာမြန်မာနဲ့ အိန္ဒိယ နယ်စပ်မှာနှစ်နိုင်ငံလုံးရဲ့ လေပိုင်နက်ထဲကနေဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အခိုင်အမာ ပြောပါတယ်။ ဇန်နဝါရီ၁၀ရက်ကချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မ​တော်(CNF/CNA)ကိုလေကြောင်းက ဗုံးကြဲ တိုက်ခိုက်ဖို့အတွက်အိန္ဒိယက သူတို့ရဲ့ လေပိုင်နက်မှာ စစ်ကောင်စီ လေယာဉ်တွေကို ပျံသန်းခွင့် ပေးခဲ့တာလို့ Fortify Rightsက ဆိုပါတယ်။

စစ်​ကောင်စီက CNF/CNA ဌာနချုပ်အား​လေ​ကြောင်းတိုက်ခိုက်မှုတည်​နေရာပြပုံ
စစ်​ကောင်စီက CNF/CNA ဌာနချုပ်အား​လေ​ကြောင်းတိုက်ခိုက်မှုတည်​နေရာပြပုံ

ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တုန်းက စစ်ကောင်စီဟာ ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ ဌာနချုပ်ဖြစ်တဲ့ Camp Victoriaကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ အမျိုးသမီးတပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် CNF တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ပါတယ်။ စစ်ကောင်စီ လေတပ် ကြဲချခဲ့တဲ့ ဗုံးတွေထဲက ၂ လုံးဟာ အိန္ဒိယပိုင် မီဇိုရမ် ပြည်နယ်ထဲက ဖာကာဝါ ရွာနားမှာ ကျရောက် ပေါက်ကွဲခဲ့ပါသေးတယ်။ ဒါပေမဲ့ အိန္ဒိယဖက်ခြမ်းမှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

အိန္ဒိယအစိုးရအနေနဲ့အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တွေက လေပိုင်နက် ကျူးကျော် အသုံးချနေတာကို သည်းခံမနေသင့်ကြောင်း၊အိန္ဒိယအာဏာပိုင်တွေအနေနဲ့အရပ်သားပြည်သူတွေနဲ့ နယ်စပ်ဒေသ လုံခြုံရေးအတွက် အမြန်ဆုံး ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်သင့်ကြောင်း Fortify Rightsရဲ့ အမှုဆောင်အရာရှိချုပ်မက်သရူးစမစ်သ်ကတိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကအိန္ဒိယလေတပ်ကို ပိုင်စိုးပိုင်နင်း အသုံးချပြီး နယ်မြေမတည်ငြိမ်အောင်လုပ်နေတာကိုအိန္ဒိယအစိုးရအနေနဲ့ ခွင့်မပြုသင့်သလိုစစ်ကောင်စီကျူးလွန်နေတဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှုတွေ ပေါ်ပေါက်လာအောင်ကူညီပံ့ပိုးပေးသင့်တယ်လို့လည်းသူကဆိုပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်တွေဟာ မကြာသေးခင် လပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေရဲ့ လေပိုင်နက်တွေကိုလည်း ကျူးကျော်ခဲ့သေးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

Camp Victoriaကို လေကြောင်းက တိုက်ခိုက်ရာမှာစစ်ကောင်စီ လေတပ်ဟာ ဗုံး ၇ လုံး ကြဲချခဲ့တယ်လို့ CNFရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆလိုင်းထက်နီက ပြောပါတယ်။ ဗုံးကြဲမှုကြောင့်နေအိမ်တချို့ပျက်စီးခဲ့ပြီးဗုံးတစ်လုံးအိန္ဒိယပိုင်နက်ဖက်ကျသွားတာတွေ့ခဲ့တယ်လို့လည်းသူကဆိုပါတယ်။

အိန္ဒိယ ရဲတပ်ဖွဲ့ကတော့ နိုင်ငံပိုင်နက်ထဲ လမ်းကြောင်းလွဲပြီး ကျရောက်လာတဲ့ ဗုံးတွေဟာ မြစ်တစ်ခုထဲမှာ ပေါက်ကွဲခဲ့တယ်လို့ ပြောခဲ့ကြောင်း French သတင်းဌာနက ဖော်ပြပါတယ်။ CNFဟာ ၂၀၁၅ တုန်းက မြန်မာစစ်တပ်နဲ့အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ပေမယ့် ၂၀၂၁နှစ်ဆန်းပိုင်းမှာစစ်ကောင်စီကအာဏာသိမ်းလိုက်တဲ့နောက် လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေမှာပူးပေါင်းပါဝင်ဖို့စိတ်ပိုင်းဖြတ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံထဲကတော်လှန်ရေးအင်အားစု တချို့ကို လေ့ကျင့်ပေးခဲ့ကြောင်းစွပ်စွဲခံရသူ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ယူကရိန်းနိုင်ငံသား ၆ ဦးကိုအိန္ဒိယကအိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

Facebook