Connect with us

Hi, what are you looking for?

သတင်း

NUG ပြည်ထဲရေးနှင့် တိုင်းငါးတိုင်းမှ ပအဖ တာဝန်ရှိသူများ တွေ့ဆုံ

၂၀၂၃သည် အရေးကြီးသည့်နှစ်တစ်နှစ်ဖြစ်၍ အားစိုက်ကာ အဖွဲ့များအားလုံး တိုင်ပင်ဆွေးနွေး ၍ ဆောင်ရွက်ကြရန်လည်း ဝန်ကြီးဦးလွင်ကိုလတ်က ပြောကြားခဲ့ပြီး ဝန်ကြီးဌာနကလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသိပေးခဲ့သည်။

NUG ပြည်ထဲရေးနှင့် တိုင်းငါးတိုင်းမှ ပအဖ တာဝန်ရှိသူများ တွေ့ဆုံ
NUG ပြည်ထဲရေးနှင့် တိုင်းငါးတိုင်းမှ ပအဖ တာဝန်ရှိသူများ တွေ့ဆုံ

အတုအယောင်ရွေးကောက်ပွဲ ငြင်းဆန်ပြီး မြေပြင်၌ပြင်းထန်စွာဖိအားပေးရန် ပြည်ထဲရေးဝန်ကြီးပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီ ၁၆ရက်၌ ပြုလုပ်ခဲ့သည့် အဆိုပါတွေ့ဆုံမှုတွင် ပြည်ထဲရေးဝန်ကြီးပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ငြင်းဆန်၍ လက်မခံရန် ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် မြေပြင်တွင် ပြင်းပြင်းထန်ထန် ဖိအားပေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းက မြောင်မြို့နယ်အတွင်း၌ မဲစာရင်းကောက်နေသည့် စစ်ကောင်စီ ထွေအုပ်ဝန်ထမ်း လေးဦးအား ဖမ်းဆီးရရှိခဲ့မှု အခြေအနေကို ပြောကြားခဲ့သည်။

၂၀၂၃သည် အရေးကြီးသည့်နှစ်တစ်နှစ်ဖြစ်၍ အားစိုက်ကာ အဖွဲ့များအားလုံး တိုင်ပင်ဆွေးနွေး ၍ ဆောင်ရွက်ကြရန်လည်း ဝန်ကြီးဦးလွင်ကိုလတ်က ပြောကြားခဲ့ပြီး ဝန်ကြီးဌာနကလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့မှမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။