Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တိုက်ပွဲ စစ်သား ၆ဦးနှင့် ပျူ​ခေါင်း​ဆောင်တစ်ဦး​သေဟုတနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ပြော

စစ်ကောင်စီယာဥ်တန်းသည် မြိတ် – ပုလောလမ်းပိုင်းတွင် ယနေ့ညနေက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားလမ်းဘေးကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

(တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ လက်​အောက်ရှိ PDF တပ်ဖွဲ့တစ်ဖွဲ့သင်တန်းဆင်း​နေစဥ်)
(တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ လက်​အောက်ရှိ PDF တပ်ဖွဲ့တစ်ဖွဲ့သင်တန်းဆင်း​နေစဥ်)

ပုလောမြို့နယ် ရှပ်ပုံကျေးရွာအတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ် ယနေ့ ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ပျူစောထီးခေါင်းဆောင်တစ်ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။

တိုက်ပွဲမှာ ယနေ့(ဇန်နဝါရီ ၁၆ရက်) နေ့လည် ၁နာရီခန့်မှ ၃နာရီခန့်အထိ ဖြစ်ပွားခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပျူစောထီးခေါင်ဆောင်ဖြစ်သော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးသွားသည်ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

“ကွန်မန်ဒို တပ်ရင်းတပ်စုတွေ ပေါင်းပြီးမစ်ရှင် ပြုလုပ်တာ။ စ…(စစ်ကောင်စီတပ်သား)တွေဘက်က အုပ်ကြီးအပါဝင် ခြောက်ကောင် မြေပြင်အပြတ်ရှင်းလင်းခဲ့တယ်။ကာဘိုင် နှစ်လက်နဲ့ ဗုန်းသီးတွေလည်းရတယ်”ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီယာဥ်တန်းသည် မြိတ် – ပုလောလမ်းပိုင်းတွင် ယနေ့ညနေက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားလမ်းဘေးကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့နယ်နဲ့ ထိစပ်ရာ မြဝတီဖက်ခြမ်း နယ်စပ်ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေအကြားတိုက်ပွဲတွေ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ခမရ (၅၈၅)စစ်​ကြောင်းမှူးအပါအဝင်​သေဆုံးထိခိုက်သူများ၊စစ်သား ၆ဦးအလင်းဝင်

Facebook