Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ထိခိုက်မှုများ၊ PDF ရဲဘော်နှစ်ဦး ထိခိုက်

လက်ရှိတွင် တိုက်ပွဲများဆက်ဖြစ်နေသောကြောင့် မြိတ် – ပုလောလမ်း(ပြည်ထောင်စုလမ်းမကြီး) အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

(စစ်ကောင်စီ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော မြိတ်-ပုလောလမ်းမကြီးဘေးမှ ကျေးရွာများအားတွေ့ရစဥ်၊ဓာတ်ပုံ - KPDF - Palaw)
(စစ်ကောင်စီ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော မြိတ်-ပုလောလမ်းမကြီးဘေးမှ ကျေးရွာများအားတွေ့ရစဥ်၊ဓာတ်ပုံ - KPDF - Palaw)

မြိတ်ခရိုင် ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများကြောင်း တော်လှန် ရေးအင်အားစုများက ပြောသည်။

အင်အား ၂၀၀ကျော်ပါဝင်သော အစီးရေ (၁၀)စီးပါ စစ်ကောင်စီတပ်ယာဥ်တန်းသည် ပုလောမြို့နယ် ပလမြို့နယ်ခွဲရှိ တို၊ တန်းရှင်း၊ သင်္ကန်းတော စသည့်ကျေးရွာများအား ဝင်ရောက်မီးရှို့ပြီး ပြန်ထွက်လာစဥ် PDF ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး PDF ပူးပေါင်းတပ်တွင်ပါဝင်သည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Palaw KPDFက ထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်သည့်အပြင် နေအိမ်များကိုပါ မီးရှို့ဖျက် ဆီးသွားသည်ဟု ဖော်ပြသည်။

(စစ်ကောင်စီ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော မြိတ်-ပုလောလမ်းမကြီးဘေးမှ ကျေးရွာများအားတွေ့ရစဥ်၊ဓာတ်ပုံ - KPDF - Palaw)
(စစ်ကောင်စီ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော မြိတ်-ပုလောလမ်းမကြီးဘေးမှ ကျေးရွာများအားတွေ့ရစဥ်၊ဓာတ်ပုံ – KPDF – Palaw)

“ပလ၊ တို၊ သင်္ကန်းတော၊ ပဝတ်ကုန် အဲရွာတွေက တိုက် ပွဲဖြစ်နေကြ ရွာတွေပါ။ အခုမှ စစ်ကောင်စီတပ်တွေက အင်အားသုံးဝင်ရောင်ပြီး ရွာတွေကိုပါ မီးရှို့သွားတာ”ဟု တော်လှန်ရေးတပ်ဖွဲ့များအား လက်နက်၊ ခဲယမ်းနှင့် စားနပ်ရိက္ခာကူညီပေးနေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ကျေးရွာများအား မီးရှို့ဖျက် ဆီးခဲ့ရာ တိုရွာ၊ တန်းရှင်းရွာနှင့် သက်န်းတောရွာ စသည့်ကျေးရွာသုံးရွာမှ နေအိမ်အလုံး ၁၀၀ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

(စစ်ကောင်စီ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော မြိတ်-ပုလောလမ်းမကြီးဘေးမှ ကျေးရွာများအားတွေ့ရစဥ်၊ဓာတ်ပုံ - KPDF - Palaw)
(စစ်ကောင်စီ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော မြိတ်-ပုလောလမ်းမကြီးဘေးမှ ကျေးရွာများအားတွေ့ရစဥ်၊ဓာတ်ပုံ – KPDF – Palaw)

အင်အား ၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်ယာဥ်တန်းကို PDF ပူးပေါင်းအဖွဲ့များက မြိတ် – ပုလောလမ်း (ပြည်ထောင်စုလမ်းမကြီး)ပေါ်တွင် ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း၊ လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာလျှက်ရှိကြောင်း သတင်းရင်း မြစ်များက ဆိုသည်။

Public Service Announcement
Public Service Announcement

“(အသေအပျောက်)အတိအကျတော့ မပြောတတ်သေးဘူးဗျ။ သူတို့ဘက် အထိအခိုက်များနေလို့ အင်အားတိုးပြီး ထပ်တက်နေတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

(စစ်ကောင်စီ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော မြိတ်-ပုလောလမ်းမကြီးဘေးမှ ကျေးရွာများအားတွေ့ရစဥ်၊ဓာတ်ပုံ - KPDF - Palaw)
(စစ်ကောင်စီ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော မြိတ်-ပုလောလမ်းမကြီးဘေးမှ ကျေးရွာများအားတွေ့ရစဥ်၊ဓာတ်ပုံ – KPDF – Palaw)

ထို့ကြောင့် ယနေ့(ဒီဇင်ဘာ ၃၁)တွင်လည်း မြိတ် – ပုလောလမ်းမကြီးဘေး တိုက်လိုင်ရွာအနီးတွင် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆိုင်းတိုက် ခိုက်ထားပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးအခြေအနေအား မသိရသေးသော်လည်း တော်လှန်ရေးရဲဘော်နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိထားကြောင်း အထက်ပါ သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် တိုက်ပွဲများဆက်ဖြစ်နေသောကြောင့် မြိတ် – ပုလောလမ်း(ပြည်ထောင်စုလမ်းမကြီး) အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း