Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်အား လေကြောင်းပိုင်နက်အသုံးပြုခွင့်မပေးရန် အိမ်နီးချင်းနိုင်ငံများကို NUG တောင်းဆို

လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Fortify Rights ကလည်း အာဏာသိမ်း စစ်ကောင်စီတပ်၏ စစ်လေယာဉ်များအား လေပိုင်နက်အသုံးပြုခွင့်ပေးနေခြင်းကို အိန္ဒိယအစိုးရက ရပ်ဆိုင်းသင့်ကြောင်း မကြာသေးမီက တောင်းဆိုထားသည်။

CNF/CNA ဌာနချုပ်ကို စစ်​ကောင်စီတပ်က​လေ​ကြောင်းမှ ဗုံးကျဲ​နေသည်ကို အိန္ဒိယနိုင်ငံဘက်ခြမ်းမှရိုက်ကူးထားမှု။ဓါတ်ပုံ-CJ
CNF/CNA ဌာနချုပ်ကို စစ်​ကောင်စီတပ်က​လေ​ကြောင်းမှ ဗုံးကျဲ​နေသည်ကို အိန္ဒိယနိုင်ငံဘက်ခြမ်းမှရိုက်ကူးထားမှု။ဓါတ်ပုံ-CJ

▪︎ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်အရ တောင်းဆိုခြင်းဖြစ်ဟုဖော်ပြ

မြန်မာ့အိမ်နီးချင်းနိုင်ငံများ၏ လေကြောင်းပိုင်နက်များကို အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားသော လေကြောင်းတိုက်ခိုက်မှုများအတွက် အသုံးပြုခွင့် မပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်တည်ရှိရာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ Camp Victoria ကို အကြမ်းဖက်စစ်အုပ်စုက ဂျက်တိုက် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုတိုက်ခိုက်မှုတွင် အိမ်နီးချင်း အိန္ဒိယ၏လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက် အသုံးချမှု ဖြစ်ပေါ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦးမှ ပေးပို့သောသတင်းတင်ပြချက်များအရ သိရှိရကြောင်း ဖော်ပြသည်။

CNF/CNA ဌာနချုပ်အ​နီးရှိ အ​ဆောက်အအုံအချို့ ပျက်စီး​နေ စဥ်။ ဓါတ်ပုံ-The Chin Journal
CNF/CNA ဌာနချုပ်အ​နီးရှိ အ​ဆောက်အအုံအချို့ ပျက်စီး​နေ စဥ်။ ဓါတ်ပုံ-The Chin Journal

“အကြမ်းဖက်စစ်အုပ်စုသည် အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်များကို ကျူးကျော်အသုံးပြု၍ ရမ်းကားတိုက်ခိုက်မှုများကျူးလွန်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ အခြားသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏လေပိုင်နက်များကိုလည်း ကျူးကျော်အသုံးပြုခဲ့သည့် အစဥ်အလာများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီးဖြစ်သည်” ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ်များ ဘေးကင်း လုံခြုံရေးကို ရှေးရှု၍ မြန်မာပြည်သူတို့၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့၏လေပိုင်နက်များကို အသုံးပြုကာ မြန်မာနိုင်ငံပြည်သူများကို လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နေခြင်းများ ကျူးလွန် နေသည့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များအား ခွင့်ပြုခြင်း မပြုပါရန် မေတ္တာရပ်ခံ တောင်းဆိုကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါတောင်းဆိုမှုသည် အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အအုံများကို တိုက်ခိုက်ခြင်းအား ဆန့်ကျင်ရှုံ့ချထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် – ၂၆၆၉ အရ ဖြစ်ပြီး ယင်းဆုံးဖြတ်ချက်တွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို ချက်ချင်း ရပ်တန့်ရန်၊ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေခြင်းကို တားဆီးဟန့်တားရန် အချက်များပါဝင်ကြောင်း ဖော်ပြသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ် မြန်မာ – အိန္ဒိယနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)၏ ဌာနချုပ်Camp Victoriaကို စစ်ကောင်စီက အိန္ဒိယလေပိုင်နက်ကို အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက People’s Spring သို့ ပြောဆိုထားသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်ခဲ့မှု​ကြောင့် CNF/CNA ရဲဘော် ၅ ဦး ကျဆုံးခဲ့ပြီး ၁၀ဦး​ခန့် ဒဏ်ရာရရှိခဲ့ကာ ဆေးဘက်ဆိုင်ရာ အဆောက်အဦး အပါအဝင် လူနေအိမ်​များ၊ အဆောက်အဦး​​များလည်း ပျက်စီးခဲ့ရသည်။

လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Fortify Rights ကလည်း အာဏာသိမ်း စစ်ကောင်စီတပ်၏ စစ်လေယာဉ်များအား လေပိုင်နက်အသုံးပြုခွင့်ပေးနေခြင်းကို အိန္ဒိယအစိုးရက ရပ်ဆိုင်းသင့်ကြောင်း မကြာသေးမီက တောင်းဆိုထားသည်။

အိန္ဒိယအစိုးရအနေဖြင့် အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်များက လေပိုင်နက် ကျူးကျော် အသုံးချနေခြင်းကို သည်းခံမနေသင့်ကြောင်း၊အိန္ဒိယအာဏာပိုင်များအနေဖြင့် အရပ်သားပြည်သူများနှင့် နယ်စပ်ဒေသ လုံခြုံရေးအတွက် အမြန်ဆုံး ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်သင့်ကြောင်း Fortify Rights အမှုဆောင်အရာရှိချုပ်မက်သရူးစမစ်သ်က တိုက်တွန်းသည်။

ထိုင်းနိုင်ငံကလည်း စစ်ကောင်စီတပ်က နယ်စပ်တွင် KNU/KNLA ဦး​ဆောင်​သောတပ်များနှင့်တိုက်ခိုက်စဥ် ထိုင်း​လေပိုင်နက်အသုံးပြုခဲ့ခြင်းအ​ပေါ် ပြင်းထန်စွာအ​ရေးမယူဘဲ သတိ​ပေးယုံဖြင့်သာပြီးစီးခဲ့သည်။ ရခိုင်ရှိ AA စခန်းများကို စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှတိုက်ခိုက်စဥ် ကလည်း ဘဂ်လား​ဒေ​လေပိုင်နက်ကို​အသုံးပြုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook