Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်ပထွက်အလုပ်လုပ်သူများကိုပါ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို စစ်ကောင်စီရပ်ဆိုင်း

နိုင်ငံကူးလက်မှတ်ထုတ်​ပေးမှုယာယီရပ်ဆိုင်းခြင်း​ကြောင့်ပြည်တွင်း၌လည်း စစ်​ကောင်စီလက်​အောက်တွင် စီးပွား​ရေးကျဆင်း​နေသဖြင့် အလုပ်အကိုင်ရှားပါး၍ ပြည်ပသို့ တရားမဝင်ခိုးထွက်သူ ပိုမိုများပြားလာမည်ဟု အထက်ပါပုဂ္ဂိုလ်ကသုံးသပ်သည်။

ပြည်ပထွက်အလုပ်လုပ်သူများကိုပါ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို စစ်ကောင်စီရပ်ဆိုင်း
ပြည်ပထွက်အလုပ်လုပ်သူများကိုပါ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို စစ်ကောင်စီရပ်ဆိုင်း

▪︎ပြည်ပ​ရောက်မြန်မာများက​​နွေဦးတော်လှန်​ရေးအတွက်​ထောက်ပံ့မှုများကိုစစ်​ကောင်စီဖြတ်​တောက်ရန်လုပ်ခြင်းဖြစ်​သော်လည်းရပ်တန့်နိုင်မည်မဟုတ်ဟုရန်ပုံ​ငွေရှာ​​ဖွေ​ပေး​နေသူသုံးသပ်

နိုင်ငံခြားထွက်အလုပ်လုပ်သူများကိုပါ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို ဇန်နဝါရီ ၁၇ ရက်စတင်ပြီး စစ်ကောင်စီက ရပ်ဆိုင်းထားကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေ ဂျင်စီများကို စစ်​ကောင်စီကအသိ​ပေးသည်။

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်များထုတ်ပေးခြင်းကို ၂၀၂၂ ဒီဇင်ဘာ ၂၆ ရက်ကတည်းက ရပ်ဆိုင်းခဲ့ပြီး အေဂျင်စီများတဆင့် ပြည်ပအလုပ်သွားလုပ်သူများနှင့် ဗုဒ္ဓဂါယာဘုရားဖူးသွားသူများကိုသာ နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်ဟုမူလကစီစဉ်ခဲ့သည်။

သို့​သော်ယခုအခါ ပြည်ပအလုပ်သွားလုပ်မည့်သူများကိုပါ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို စစ်ကောင်စီကရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၇ မှစ၍ယာယီရပ်ဆိုင်း​ကြောင်းအသိ​ပေးအ​ကြောင်းကြား​သော်လည်း မည်သည့်အချိန်တွင် ပြန်လည်ထုတ်​ပေးမည်ကိုမူ​ ​အေဂျင်စီများသိူ့အ​ကြောင်းကြားစာတွင်​ဖော်ပြမထား​ပေ။

ထို​ကြောင့်ယခုအခါ ခွင့်ပြုပေးထားသည့်နိုင်ငံကူးလက်မှတ်လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများကို ရပ်ဆိုင်းရမည်ဟု ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို ဇန်နဝါရီ ၁၆ ရက် ရက်စွဲဖြင့် အကြောင်းကြားခဲံ့သည်။

Public Service Announcement

Public Service Announcement

“ပြည်ပအလုပ်အကိုင်ရှာပေးတဲ့ အေဂျင်စီတွေပါ အလုပ်နားရမှာ။ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)ကို သူတို့နဲ့ နီးစပ်တဲ့ သူတွေပဲရပြီး ကျန်တဲ့ သူတွေ မရတော့တဲ့ အထီးကျန်နိုင်ငံတခုဖြစ်လာတော့မယ်”ဟု အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုကအုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးကပြောသည်။

နိုင်ငံကူးလက်မှတ်ထုတ်​ပေးမှုယာယီရပ်ဆိုင်းခြင်း​ကြောင့်ပြည်တွင်း၌လည်း စစ်​ကောင်စီလက်​အောက်တွင် စီးပွား​ရေးကျဆင်း​နေသဖြင့် အလုပ်အကိုင်ရှားပါး၍ ပြည်ပသို့ တရားမဝင်ခိုးထွက်သူ ပိုမိုများပြားလာမည်ဟု အထက်ပါပုဂ္ဂိုလ်ကသုံးသပ်သည်။

“စစ်ဗိုလ်ချုပ်တွေကပြည်တွင်းကလူတွေပြည်ပထွက်ပြီး တော်လှန်ရေးကို ငွေကြေးထောက်ပံ့နေတာကိုဖြတ်တောက်ဖို့ဒီလိုလုပ်တာလို့မြင်တယ်။နိုင်ငံကောင်းကျိုးအတွက်မဟုတ်ဘူး။ သူတို့ကိုထိလာလို့မစဉ်းစားမဆင်ခြင်ဘဲလုပ်တဲ့အလုပ်ပါ”ဟုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို မည်သည့်အချိန်ပြန်လည်ဖွင့်လှစ်မည်ကို မသိရသေးကြောင်းနှင့် လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးခြင်းသာမက သက်တမ်းတိုးခြင်း၊ အပျောက်ပြန်လျှောက်မှုများကိုလည်း လုပ်ပေးမည်မဟုတ်ကြောင်း သိရသည်။

“အဓိကကပြည်ပထွက်တဲ့သူတွေကနိုင်ငံခြားငွေတွေသယ်သွားတော့ ဒါကို စစ်ကောင်စီက ကိုင်တွယ်ချင်တာ။ နောက်

ပြီး ပြည်ပရောက်မြန်မာတွေက ထောက်ပံ့ကြေးကို ဖြတ်တောက်ချင်တာလဲပါမယ်။ လက်ရှိပြည်ပရောက်မြန်မာတွေထောက်ပံ့နေတာကိုတော့ သူတို့(စစ်ကောင်စီ)က ရပ်တန့်လို့ရမှာ မဟုတ်ဘူး”ဟု NUG၏ ငွေကြေးရှာဖွေပေးနေသည့် ကိုယ်စားလှယ်တစ်ဦးကမှတ်ချက်ပေးသည်။

မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးနောက် တစ်လကို မြန်မာနိုင်ငံသား လေးသောင်းနီးပါးသည် ပြည်ပကိုနည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာနေကြသည်ဟု နိုင်ငံတကာ အဖွဲ့အစည်း (IOM) က ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန် ၂၂ ဒဿမ ၆ သန်းတင်ပို့ပြီး ဒေါ်လာ သန်း ၈၅၀ရရှိခဲ့သည်။ ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၄ တွင်လည်း ဆန်တန်ချိန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် ဆိုကာ ပြည်ပသို့ ဆန်များတိုးပို့နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ (၁)နှစ်တာကာလအတွင်းသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်‌ကြောင်းနှင့် ထုတ်လုပ်အောင်မြင်မှုအခြေအနေအား ပြည်သူလူထုသို့ အစီရင်ခံတင်ပြလာခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက ​ရွှေ​ဈေးဆက်တိုက်တက်လာပြီး​နောက် ရွှေလုပ်ငန်းများကို ပြသနာရှာနေခြင်းကြောင့် မေလ​နောက်ဆုံးပတ်မှ စ၍ ရွှေအရောင်းအဝယ်များကို ရပ်ဆိုင်းထားသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

သတင်း

စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း စစ်အာဏာရှင်တွေနဲ့ ဒီမိုကရေစီကို လိုလားတဲ့ အတိုက်အခံ အင်အားစုတွေကြား လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်လာပြီး လက်ရှိ ၂ နှစ်ကျော် ကြာလာတဲ့ထိ ဘယ်ဖက်ကမှ အချိန်တို ကာလအတွင်း အနိုင်ရမယ့် လက္ခဏာမျိုး မတွေ့သေးဘူးလို့ CIAက ဆိုပါတယ်။