Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ် (၆)မိုင်စံပြလမ်းမကြီးတွင် တိုက်ပွဲပြင်းထန်နေ၍ ပြည်သူများအသွားအလာမလုပ်ကြရန် KNDF သတိပေး

စစ်ကောင်စီတပ်မှာ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းသုံးခုခွဲ၍ ထိုးစစ်ဆင်နေခြင်းကြောင့် KNDF မှ ခုခံစစ်ဆင်နွှဲနေခြင်းဖြစ်သည်။

(တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၉မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၉မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် (၆) မိုင်စံပြလမ်းမကြီးတွင် တိုက်ပွဲပြင်းထန်နေသောကြောင့် ပြည်သူများအနေဖြင့် အသွားအလာမလုပ်ကြရန် ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တပ်ရင်း – ၉က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှာ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းသုံးခုခွဲ၍ ထိုးစစ်ဆင်နေခြင်းကြောင့် KNDF မှ ခုခံစစ်ဆင်နွှဲနေခြင်းဖြစ်သည်။

“ဒီလ ဒုတိယပတ်ကတည်းက စကစစစ်ကြောင်း ဝင်လာလို့ နေ့စဥ်တိုက်ပွဲ ဖြစ်နေတာ။အခု ရက်ပိုင်းက တိုက်ပွဲ တော်တော်ပြင်းထန်နေတယ်။လမ်းမကြီးကို သူတို့ထိန်းချုပ်နိုင်ဖို့ စစ်ထိုးတယ်လို့ သုံးသပ်နိုင်တယ်”ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီက စစ်ကြောင်းသုံးခုခွဲ ၍ ဇန်နဝါရီ ၁၁ရက်တွင် ဝင်ရောက်လာပြီးနောက် တိုက်ပွဲ ဖြစ်ပွားနေရာ ဇန်နဝါရီ ၁၉ ရက်အထိ စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေ ဆုံးထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၉က ပြောထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းများသည် ဇန်နဝါရီ ၁၁ရက် နံနက်ပိုင်းကစ၍ (၆)မိုင် ဘုရားကျောင်း နှင့် လမ်းမကြီးတစ်ကျောရှိ နေရာသုံးခုထက်မနည်းတွင် ဝင်ရောက်တပ်စွဲခဲ့သည်ဟု ဆိုသည်။

(၆)မိုင်စံပြကျေးရွာအကြား လမ်းမကြီးတစ်ကျောနှင့် ဘုရားကျောင်းတို့တွင် ခြေကုပ်ယူကာ တပ်စွဲလှုပ်ရှားလျှက်ရှိနေသည့် စစ်ကောင်စီတပ်ကို ဆက်လက်ခုခံထားလျှက်ရှိကြောင်းလည်း KNDF တပ်ရင်း – ၉က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။